- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
နိုင်ငံတဝန်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်နေချိန်တွင် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမှုများကို အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
30 Dec 2024
DMG ၊ ဒီဇင်ဘာ ၃၀
နိုင်ငံတဝန်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်နေချိန်တွင် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမှုများကို အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာမိန့်ခွန်းတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
“ရှေ့ဆက်လို့လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။
ငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့ တွေ့ဆုံဆွေးနွေးနေပြီး ရလာသည့် သဘောထားမှတ်ချက်များကို နောင်လာမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြု နိုင်ရန် မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ကရင်တိုင်းရင်းသားများအပါအဝင် တိုင်ရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော်ပေးကြရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းထားသည်။
“တွေ့ဆုံဆွေးနွေးဖို့အတွက် အမြဲတံခါးဖွင့်ထားတယ်လို့ မကြာခဏ ပြောနေတာပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အထမမြောက်လာတာ မရှိဘူး။ ဒါက ဘာကြောင့်လဲဆိုတာကို စစ်ကောင်စီအနေနဲ့ အဖြေရှာဖို့ လိုတယ်” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များက မျက်ကွယ်ပြုနေကြောင်း ဒီဇင်ဘာ ၂၈ ရက်က နှစ် (၅၀) ပြည့် အမျိုးသား နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ယင်းနောက် ဒီဇင်ဘာ ၂၉ ရက်တွင် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း အာရက္ခတပ်တော် (ULA/AA) က ထုတ်ပြန် ကြေညာသည်။
ရခိုင်ပြည်တွင် မြို့နယ် (၁၇) ခု ရှိသည့်အနက် မြို့နယ် (၁၄) ခုကို ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း AA က ထုတ်ပြန်လာခြင်းဖြစ်သည်။
လက်ရှိတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် AA အပါအဝင် တအာင်းတပ် (TNLA) ၊ ကိုးကန့်တပ် (MNDAA) တို့သည် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် အသင့်ရှိကြောင်း အသီးသီး ထုတ်ပြန်ကြေညာထားသည်။
လက်ရှိ နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများက ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်၊ မန္တလေး၊ စစ်ကိုင်းစသည့် ဒေသများက မြို့ပေါင်း ၈၉ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။