- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
ရေမျက်ဝကျေးရွာမှ ဦးစိုးမြင့်နှင့် အမည်စုံစမ်းဆဲ ၄ ဦးတို့သည် ဖေဖော်ဝါရီ ၂၁ ရက်က ငါးဖမ်း စထွက်သွားကြပြီနောက် မတ် ၃ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်ရခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အဆက်အသွယ် လုံးဝပြတ်တောက်သွားခြင်း ဖြစ်သည်။
12 Mar 2025

DMG ၊ မတ် ၁၂
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ ရေမျက်ဝကျေးရွာမှ ငါးဖမ်းသမား ၅ ဦးမှာ မတ်လ ၄ ရက်နေ့မှ စ၍ ပျောက်ဆုံးနေသည်မှာ ယနေ့ တစ်ပတ်ကျော်ကြာသည့်တိုင် အဆက်သွယ်မရ ဖြစ်နေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။
ရေမျက်ဝကျေးရွာမှ ဦးစိုးမြင့်နှင့် အမည်စုံစမ်းဆဲ ၄ ဦးတို့သည် ဖေဖော်ဝါရီ ၂၁ ရက်က ငါးဖမ်း စထွက်သွားကြပြီနောက် မတ် ၃ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်ရခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အဆက်အသွယ် လုံးဝပြတ်တောက်သွားခြင်း ဖြစ်သည်။
ဦးစိုးမြင့်၏ မိသားစုဝင်တစ်ဦးက " အိမ်ကတော့ စက်လှေငှားပြီး လိုက်ရှာနေတယ်။ ပုံမှန်အတိုင်းဆိုရင် ငါးဖမ်းတာက ၁၀ ရက်လောက်ပဲ ကြာတယ်" ဟု ပြောသည်။
ငါးဖမ်းသမားအများစုမှာ ဂွမြို့နယ်၊ ကျွန်းနံ့သာနှင့် သံတွဲမြို့နယ်၊ ဂျိတ္တောအထိ လူစုကာ ငါးဖမ်း သွားလေ့ရှိပြီး လှေတစ်စီးတွင် လူ ၅ ဦးအထိ ပါတတ်ကြောင်း သိရသည်။
မာန်အောင်ဒေသခံများသည် ပုံမှန် ငါးဖမ်းထွက်ချိန် ပင်လယ်အတွင်း ၁၀ ရက်ခန့်သာ ကြာလေ့ရှိသော်လည်း ယခုအခါတွင် ရက်ပေါင်း ၂၀ ခန့်ထိ ကြာမြင့်လာပြီဖြစ်သဖြင့် မိသားစုဝင်များက စိုးရိမ်စိတ်မြင့်တက်နေခြင်းလည်း ဖြစ်သည်။
" ဘေးကင်းကင်းနဲ့ ပြန်တွေ့ဖို့ပဲ ဆုတောင်းနေပါတယ်။ အဖေ့ စက်လှေကို တွေ့တဲ့ လူတွေရှိရင်လည်း ကူညီပေးကြပါလို့ ပြောချင်တယ်" ဟု ဦးစိုးမြင့်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
လက်ရှိ မာန်အောင်မြို့နယ်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေပြီး လမ်းခရီးသွားလာခွင့်ကို ကန့်သတ်ထားသဖြင့် ဒေသတွင်း ကုန်စည်ပြတ်လပ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါးရှားပါးမှုနှင့် ရင်ဆိုင်နေကြရသည်။
မာန်အောင်မြို့သို့ စစ်ကောင်စီခွင့်ပြုချက်ဖြင့် ကုန်သင်္ဘောများ တစ်လတစ်ကြိမ် ဝင်ရောက်မှုရှိသော်လည်း ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားသဖြင့် ဒေသခံများမှာ ဆေးဝါးကုသမှုအခက်အခဲနှင့် ကြုံနေရသည်။
မာန်အောင်အနီး ပင်လယ်ပြင်တစ်ကြောတွင် စစ်ကောင်စီ၏ နေဗီများ သွားလာလှုပ်ရှားမှုများရှိနေကြောင်း သိရသည်။