မောင်တောတိုက်ပွဲ နောက်ကွယ်

24 Aug 2022

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ ဘာကြောင့်ဖြစ်ရသလဲ။ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ လက်နက်ကိုင်တို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းက ဘယ်လောက်အရေးပါနေလဲ စသည့်ကိစ္စရပ်များအား မြန်မာအရေး၊ ရခိုင်အရေး၊ စစ်ရေးလေ့လာသုံးသပ်သူတို့ကို DMG က မေးမြန်းတင်ဆက်လိုက်သည်။

စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်တဲ့ ဒေါ်လာဈေးနှုန်းကြောင့် ရခိုင်ပြည်နယ်မှာ ဘယ်လိုရိုက်ခတ်မှုတွေဖြစ်စေသလဲ

19 Aug 2022

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာဈေးအား ၁၈၅၀ ကျပ်ဖြင့်ထိန်းချုပ်ခဲ့ရာမှ ပြီးခဲ့သည့်သြဂုတ်လ ၅ ရက်နေ့မှစတင်ကာ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းသို့ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုသို့ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ပြည်ပသွင်းအားစုများမှာ ဈေးမြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုထားကြသည်။

ရခိုင်ပြည်တပ်မတော် ANC/AA ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

16 Aug 2022

“ငါ့အဖွဲ့အစည်းမှ ရှင်သန်ရမယ်။ သူ့အဖွဲ့အစည်း မရှင်သန်ရ ဆိုတာကတော့ ကျနော်တို့ထဲမှာ မရှိသင့်တဲ့ သဘောတရားလို့ထင်တယ်”

(၅၅)နှစ်ပြည့် စစ်တွေဆန်ပြဿနာ (Vox Pop)

13 Aug 2022

၅၅ နှစ်မြောက်ရှိပြီဖြစ်သည့် စစ်တွေဆန်ပြဿနာနေ့နှင့်ပတ်သက်ပြီး အဆိုပါအရေးအခင်းကို ကိုယ်တိုင်ကြုံတွေ့လိုက်သူများ၊ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများကို DMG က ဆက်သွယ်မေးမြန်းထားသည်။

တော်လှန်ရေးမှာ ကျမသား မရှိတော့ ပေမယ့်လည်းရှိတဲ့ လူတွေက ပြန်လည်တုန့်ပြန်သွားပါလိမ့်မယ် (AA တပ်သား နေဇော်ဦး မိခင်၊ ရသေ့တောင်မြို့နယ်)

07 Jul 2022

“ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုပြီး ကိုယ့်သား အသက်ဆုံးသွားတာကို ဂုဏ်ယူတယ်။ တော်လှန်ရေးမှာ ကျမသား မရှိတော့ ပေမယ့်လည်းရှိတဲ့ လူတွေက ပြန်လည်တုန့်ပြန်သွားပါလိမ့်မယ် ” AA တပ်သား နေဇော်ဦး မိခင် ရသေ့တောင်မြို့နယ်

AA စခန်းကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပေါ် ဘာတွေပြောကြသလဲ

06 Jul 2022

မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ဧရိယာထဲတွင်ရှိသော ရက္ခိုင့်တပ်တော် (AA) စခန်းကို မြန်မာစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဌနှင့် တွေဆုံမေးမြန်းခြင်း

04 Jul 2022

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာမှု အားနည်းခဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာဖြစ်တယ်။ နိုင်ငံရေးအရဆွေးနွေးတဲ့အခါလည်း တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်ပြောဆိုနေရုံနဲ့ မပြီးဘူး”           
ဦးသာထွန်းလှ (ဥက္ကဋ္ဌ) ၊ ရခိုင်အမျိုးသားပါတီ (ANP)

“ကျမတို့က ဈေးသည်တွေပါ၊ ကျမယောကျ်ားကို အပြစ်မရှိဘဲ ဘာလို့ ဖမ်းတာလဲ”

23 Jun 2022

ပုဏ္ဏားကျွန်းမှ ဖမ်းဆီးခံရသူများထဲတွင် အသက် (၃၅) နှစ်အရွယ် ဦးဘလှိုင်ဆိုသူလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ယင်းကြောင့် ပုဏ္ဏားကျွန်းမြို့အတွင်း ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးမှုဖြစ်များနှင့် ပတ်သက်ပြီး လက်ရှိတွင် ဖမ်းဆီးခံထားရသူ ဦးဘလှိုင်၏ ဇနီဖြစ်သူ မအေးအေးခိုင်ကို  DMG က တွေ့ဆုံမေးမြန်းထားသည်။

AA နှင့် NUG တွေ့ဆုံခြင်းအပေါ် EAOs ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများ ဘာပြောကြသလဲ

19 May 2022

AA သည် လတ်တလောတွင် စစ်ကောင်စီအကြီးအကဲကိုယ်တိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။ ယင်းနောက်မကြာမီ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ULA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍနှင့် ရခိုင်-မွတ်ဆလင် သဟဇာတဖြစ်စေရေးကို နှောင့်ယှက်ရန် ကြိုးစားနေသည့်အတွက် စစ်ရေးတင်းမာမှုများရှိကြောင်း AA က မေလ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် NUG နှင့် တွေ့ဆုံခြင်းလည်းဖြစ်သည်။

စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ်က သတိပေးလိုက်တဲ့အပေါ် ဘယ်လိုရှုမြင်ကြသလဲ

06 May 2022

“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ၊ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်”ဟု ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့(မေလ ၆ ရက်)တွင် ၎င်း၏လူမှုကွန်ရက် တွစ်တာမှတစ်ဆင့် သတိပေး ပြောကြားလိုက်သည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နဲ့ သတင်းသမားတွေရဲ့ စကားသံ

03 May 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်အထိ ဖမ်းဆီးခံရတဲ့သတင်းသမားဦးရေမှာ ၁၀၀ ကျော် အထိရှိခဲ့ပြီး အဲဒီထဲကသေဆုံးသူတွေလည်းရှိခဲ့သလို ထောင်ဒဏ်ချခံရသူတွေ၊ တရားရင်ဆိုင်နေရသူတွေအပြင် ဖမ်းဝရမ်းထုတ်ခံထားရသူတွေ အများအပြားရှိပါတယ်။ ဒီနေ့(မေလ ၃ ရက်) ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ လက်ရှိသတင်းထောက်တွေရင်ဆိုင်နေရတဲ့ အခြေအနေတွေကို DMG က စုစည်းဖော်ပြပေးလိုက်ပါတယ်။

“လူထုနှလုံးသားကို ငလျင်လှုပ်သလို လှုပ်ခတ်နိုင်တာက ULA/AA ပဲရှိတယ်”

02 May 2022

အားပြိုင်မှုတွေဆိုတာက ဒီဘက်ကအလုပ်လုပ်နေတဲ့ခါမှာ လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို သွားနေတဲ့ခါမှာ နစက(စစ်ကောင်စီ)နဲ့ ဆန့်ကျင်ဘက်တွေပေါ့။ ဆန့်ကျင်ဘက်ဖြစ်တာကြောင့် ပွတ်တိုက်မှုရှိမယ်။ ၂၀၀၈ အောက်မှာ သွားနေတဲ့ပါတီတွေဆိုတာက နစက(စစ်ကောင်စီ)နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆောင်ရွက်လာရတဲ့ ကိစ္စတွေလည်းရှိလာမယ်။

(၁၃)နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့တွင် ရခိုင်ပြည်သူတို့၏ ဆုမွန်စကား

10 Apr 2022

ရက္ခိုင့်တပ်တော်(AA)ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် လူငယ် ၂၆ ဦးခန့်နှင့် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာတွင်စတင်တည်ထောင်ခဲ့ပြီး ယခုအခါ (၁၃) နှစ်ရှိခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်သို့ ထိုးဖောက်ဝင်ရောက်လာသော AA သည် မြန်မာစစ်တပ်နှင့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်၍ ၂ နှစ်ခန့်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

AA ကို NUG က ဆွေးနွေးဖို့ဖိတ်ခေါ်လိုက်တဲ့အပေါ် သူတို့အမြင်

29 Mar 2022

အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အလွတ်သဘော တွေ့ဆုံလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့သည့်မတ်လ ၂၄ ရက်နေ့တွင် ဖိတ်ကြားလိုက်သည်။

သဘာဝဓာတ်ငွေ့ထွက်တဲ့ ရခိုင်ပြည်မှာ လျှပ်စစ်မီးမကြာခဏပြတ်တောက်နေတဲ့အပေါ် ပြည်သူ့အသံ

11 Mar 2022

သဘာဝဓာတ်ငွေ့များထွက်သည့် ရခိုင်ပြည်တွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်လျက်ရှိသည့်အတွက် ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးက အစစအရာရာအခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

လိုချင်တဲ့ နိုင်ငံရေးအဆင့်ကိုမရရှိလျှင် ရခိုင်အမျိုးသားနိုင်ငံ တည်ဆောက်မယ်လို့ AA ပြောဆိုချက်အပေါ် အမြင်များ

09 Mar 2022

မြန်မာ့နိုင်ငံရေးတွင် AA နှင့် ရခိုင်ပြည်သူတို့လိုလားသည့် နိုင်ငံရေးအဆင့်အတန်းကို မရရှိလျှင်  အနာဂတ် အမျိုးသားနိုင်ငံတော်ကို ကိုယ်တိုင်ဖန်တီးပြီး နိုင်ငံတကာနှင့် လက်တွဲတည်ဆောက်သွားမည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက မတ်လ ၅ ရက်နေ့က Online သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

AA က ဘဂင်္လားဒေ့ရွ္နဲ့ ဆက္ဆံရေးတိုးတက်စေလိုတဲ့အပေါ် အမြင်များ

25 Feb 2022

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကျရောက်သော နိုင်ငံတကာမိခင်ဘာသာစကားနေ့မှာ “အာရက္ခပြည်နဲ့ ဘင်္ဂလားဒေ့ရှ် ဒေသနှစ်ခုကြား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ သံတမန်ဆက်ဆံရေးကိစ္စများ ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခုမြှင့်တင်တည်ဆောက်သွားရန် အာသီသပြင်းပြတယ်”ဟု ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်က ဘာလဲ

22 Feb 2022

“ကျနော်တို့ပြောတဲ့ ဖက်ဒရယ်ဆိုတာက အမျိုးသားပြည်နယ်တွေကို အခြေခံပြီးတော့မှ ဖွဲ့စည်းတာဖြစ်တယ်။ အမျိုးသားတန်းတူရေးကို အခြေခံခွင့်မရှိဘူးဆိုရင် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အရ ခွဲထွက်ပိုင်ခွင့်ရှိတယ်”

လေကြောင်းဖြင့်သွားမည့်သူများကိုသာ ကိုဗစ်ပိုးစစ်ဆေးမှုအပေါ် အမြင်များ

18 Feb 2022

မြန်မာနိုင်ငံအတွင်း လေကြောင်းလိုင်းများဖြင့်သွားမည့် ခရီးသည်များ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးသားသူဖြစ်စေ၊ မထိုးထားသူဖြစ်စေ မည်သူမဆို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစ၍ ၄၈ နာရီအတွင်း ကိုဗစ်ပိုးစစ်ဆေးခြင်း ခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ထိုသို့လေကြောင်းဖြင့် သွားလာမည့်သူများကိုသာ ကိုဗစ်ပိုးစစ်ဆေးမှုအပေါ် သဘောထားအမြင်များကို DMG မှ စုစည်းတင်ဆက်လိုက်သည်။

ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ကျောင်းသား/သူတို့၏ နစ်နာဆုံးရှုံးမှုများ

08 Feb 2022

(ကျောင်းပြန်တက်ရမှာကလည်း မသေချာတဲ့အခြေအနေဖြစ်နေတယ်။ အကုန်လုံးပြန်တက်ရဖို့လည်း မသေချာဘူး။ ကျောင်းသားတိုင်းအတွက် အခွင့်အလမ်းတွေဆုံးရှုံးနေတုန်းပဲ)
Showing 41-60 of 192 items.