- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
သမ္မတဘိုင်ဒန် အိမ်ဖြူတော်၌ စင်္ကာပူဝန်ကြီးချုပ်နှင့် တွေ့မည်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းအား မတ်လ ၂၉ ရက်နေ့၌ အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံမည်ဟု အိမ်ဖြူတော်ကထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
28 Mar 2022
DMG၊ မတ် ၂၈ရက်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းအား မတ်လ ၂၉ ရက်နေ့၌ အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံမည်ဟု အိမ်ဖြူတော်ကထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
တွေ့ဆုံမှုတွင် အင်ဒို-ပစိဖိတ်ဒေသ၏ လွတ်လပ်ပွင့်လင်းမှုကို အာမခံပေးနိုင်ရေး၊ စစ်ကရိန်းစစ်ပွဲ အစရှိသည့်ကိစ္စရပ်များကို ပြန်လှန်သုံးသပ်သွားမည်ဟု ကြေညာချက်တွင် အိမ်ဖြူတော်ပြန်ကြားရေး ပြောခွင့်ရ ဂျန်ဆာကီက ပြောကြားထားသည်။
ပင်လယ်ပြင်နယ်ပယ်များ လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းရေး၊ ထုတ်ကုန်ကွင်းဆက် တည်ငြိမ်ရေး၊ မြန်မာနိုင်ငံအရေး၊ ဥတုရာသီ အပြောင်းအလဲကို ရင်ဆိုင်ရေးတို့အပါအဝင် ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးတို့ကို ဘိုင်ဒန်ဘက်က မျှော်လင့်ထားကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။
ဘိုင်ဒန်အစိုးရသည် အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာသည်ဟု အိမ်ဖြူတော်ကယူဆထားသည့် အရှေ့တောင်အာရှဒေသ၌ တရုတ်အပေါ် တန်ပြန်ထိန်းညှိနိုင်ရေးအတွက် သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ အရင်းအမြစ်များ ပိုမိုအကူအညီပေးရန် အဆိုပါထုတ်ပြန်ချက်၌ ကတိကဝတ် ပြုထားသည်။
စင်္ကာပူသည် ဒေသတွင်း အဓိကကျသည့် ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး ဗဟိုချက်မတစ်ခု ဖြစ်သလို ဝါရှင်တန်က ပြောကြားထားသည့် အင်ဒို-ပစိဖိတ် မဟာဗျူဟာနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိရန် စိတ်အားထက်သန်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်သို့ စနေနေ့မှစ၍ တစ်ပတ်ကြာသွားရောက်မည့် အလုပ်သဘောခရီးစဉ်အတွင်း အားကောင်းခိုင်မာပြီး ကာလရှည်ကြာတည်မြဲသည့် ရှုထောင့်စုံဆက်ဆံရေးတစ်ရပ် တည်ဆောက်မည်ဟု လီရှန်လွန်းရုံးက ထုတ်ပြန်ထားသည်။
လီရှန်လွန်းသည် နယူးယောက်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့်လည်း တွေ့ဆုံမည်ဟု ပြောကြားထားသည်။
ဘိုင်ဒန်သည် ကနဦးတွင် စင်္ကာပူအပါအဝင် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် လာမည့်သီတင်းပတ်၌ ဝါရှင်တန်တွင် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ သို့သော်လည်း အိမ်ဖြူတော်က စီစဉ်ခဲ့သည့် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် အာဆီယံခေါင်းဆောင်အချို့
တက်ရောက်နိုင်ခြင်းမရှိသဖြင့် အဆိုပါအစည်းအဝေးကို ရက်ရွှေ့ဆိုင်းခဲ့သည်။ ကျင်းပမည့်ရက်ကို ညှိနှိုင်းနေဆဲဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။