- နပခကို သိမ်းပိုက်ရန် AA အရှိန်မြှင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းနေ
- စစ်ရေးပဋိပက္ခအတွင်း အမျိုးသမီးများ လူမှုဘဝလုံခြုံရေး ပိုမိုဆိုးရွားလာ
- ထိုင်ဝမ်အရေး အသုံးအနှုန်းပြောင်းလဲရန် ရှီကျင့်ဖျင်က ဘိုင်ဒင်ကို ဖိအားပေးခဲ့သည်ဟု ဆို
- အိန္ဒိယဘုရားရှိခိုးကျောင်းတွင် မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူ ၁၅၀ ကျော် ဒဏ်ရာရ
- ဘာဆန်ချာကျွန်းသို့ မွတ်ဆလင်ဒုက္ခသည် ၅၀၀ ကျော် ထပ်ပို့
ထိုင်ဝမ်အရေး အသုံးအနှုန်းပြောင်းလဲရန် ရှီကျင့်ဖျင်က ဘိုင်ဒင်ကို ဖိအားပေးခဲ့သည်ဟု ဆို
ပြီးခဲ့သည့် နိုဝင်ဘာလက ဆန်ဖရန်စစ္စကိုမြို့အနီးရှိ ဘိုင်ဒင်-ရှီ တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် ရှီနှင့် ၎င်း၏ လက်ထောက်များက အမေရိကန်၏ တရားဝင်ထုတ်ပြန်ချက်များတွင် ထိုင်ဝမ်အရေးကိစ္စနှင့် စပ်လျဉ်း၍ ဖော်ပြထားသော အသုံးအနှုန်းများကို ပြောင်းလဲပေးရန် ဘိုင်ဒင်နှင့် ၎င်း၏ အဖွဲ့ကို တောင်းဆိုခဲ့သည်။
30 Oct 2024
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ယမန်နှစ်က တွေ့ဆုံခဲ့ရာတွင် ထိုင်ဝမ် အရေးကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန်၏ ရပ်တည်ချက်ကို ဆွေးနွေးချိန်၌ အမေရိကန်၏ အသုံးအနှုန်းကို ပြောင်းလဲပေးရန် တောင်းဆိုခဲ့ကြောင်း အဆိုပါသီးသန့်စကား ပြောဆိုဆွေးနွေးမှုနှင့်ဆက်နွှယ်နေသော အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ဆန်ဖရန်စစ္စကိုမြို့အနီးရှိ ဘိုင်ဒင်-ရှီ တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် ရှီနှင့် ၎င်း၏ လက်ထောက်များက အမေရိကန်၏ တရားဝင်ထုတ်ပြန်ချက်များတွင် ထိုင်ဝမ်အရေးကိစ္စနှင့် စပ်လျဉ်း၍ ဖော်ပြထားသော အသုံးအနှုန်းများကို ပြောင်းလဲပေးရန် ဘိုင်ဒင်နှင့် ၎င်း၏ အဖွဲ့ကို တောင်းဆိုခဲ့သည်။
ပုဂ္ဂလိက သံတမန်ရေးရာ ဖလှယ်မှုများတွင် ပါဝင်ခွင့်ရရှိခဲ့သော သို့မဟုတ် အကျဉ်းချုံးပါဝင်ခွင့် ရရှိခဲ့သော အမည်မဖော်လိုသူများက တရုတ်က အမေရိကန်ကို လက်ရှိအသုံးအနှုန်းထက် ထိုင်ဝမ်အတွက် လွတ်လပ်ရေးကို အမေရိကန်က မထောက်ခံသည့်သဘော သက်ရောက်သော "ထိုင်ဝမ်လွတ်လပ်ရေးကို အမေရိကန်က ဆန့်ကျင်သည်"ဟု ပြောကြားရန် အလိုရှိခဲ့သည်ဟု ပြောခဲ့သည်။
ရှီ၏ လက်ထောက်များသည် ယခုလပိုင်းများအတွင်း၌လည်း ယင်းတောင်းဆိုမှုများကိုသာ ထပ်ခါတလဲလဲ ဆောင်ရွက်နေခဲ့ကြသည်ဟု ယခုဖြစ်စဉ်နှင့်နီးစပ်သော အမေရိကန်အရာရှိနှစ်ဦးနှင့် အခြားပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ အမေရိကန်ဘက်ကမူ အပြောင်းအလဲလုပ်ရန် ငြင်းဆန်ထားဆဲပင်ဖြစ်သည်။
ယခုကိစ္စအပေါ် ရိုက်တာက မှတ်ချက်ပေးရန် ပြောကြားရာ၌ အိမ်ဖြူတော်က ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း မှတ်ချက်ကို ထပ်ခါထပ်ခါ သုံးနှုန်းပြီး တုံ့ပြန်ဖြေကြားထားသည်။
"ဘိုင်ဒင်-ဟားရစ် အုပ်ချုပ်ရေးအစိုးရအဖွဲ့သည် ကာလရှည်ကြာ ရပ်တည်ချက်ဖြစ်သော တရုတ်တစ်ပြည်တည်း မူအတိုင်း ဆက်လက်သဘောထားရှိသည်" ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။