- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
- ၅၅ ရက်ကြာ နယ်စပ်စခန်းသိမ်းတိုက်ပွဲနဲ့ AA ရဲ့ ဗျူဟာမြောက်ထိုးစစ်
- အမ်းက စစ်ဘေးရှောင် ၅,၀၀၀ ကျော် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
ဟေတီတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လူ ၂၀၀ နီးပါး သေဆုံး
ဟေတီမြို့တော်၏ အဆင်းရဲဆုံးရပ်ကွက်တစ်ခုတွင် သီတင်းပတ်ကုန်ရက်က ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်စဉ်ကြီးအတွင်း လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက ပြောသည်။
10 Dec 2024
ဟေတီမြို့တော်၏ အဆင်းရဲဆုံးရပ်ကွက်တစ်ခုတွင် သီတင်းပတ်ကုန်ရက်က ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်စဉ်ကြီးအတွင်း လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက တနင်္လာနေ့တွင် ပြောကြားသည်။
သတ်ဖြတ်မှုဖြစ်စဉ်သည် ဂိုဏ်းခေါင်းဆောင်တစ်ဦးက စုန်းကဝေအောက်လမ်းဆရာ တစ်ဦးကြောင့် ၎င်း၏သားဖြစ်သူ သေစေလောက်သည်အထိ နာမကျန်းဖြစ်သွားခဲ့ရသည်ဟု ယူဆပြီး လက်တုံ့ပြန်ခဲ့သော ကိုယ်ရေးကိုယ်တာ ကိစ္စရပ်ဖြစ်ကြောင်း ထိပ်တန်းဟေတီ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောကြားသည်ဟု New York Times က ဖော်ပြထားသည်။
ပေါ့တ်အူးပရင့်စ်ရှိ ကျယ်ပြောလှသော ဆင်းရဲသားရပ်ကွက်တစ်ခုဖြစ်သည့် ဆီတီဆိုလိုင်းလ်၏ ဝှပ်ဖ်ဂျီရီမီးအပိုင်းတွင် သောကြာနေ့မှ စတင်ကာ ယခုဖြစ်ရပ်ကြီးဖြစ်ပွားခဲ့ကြောင်း မြို့တော်အခြေစိုက် လူထုတက်ကြွလှုပ်ရှားမှု ကွန်ရက်တစ်ခုဖြစ်သော အမျိုးသားလူ့အခွင့်အရေး ကာကွယ်ရေး ကွန်ရက်က ပြောကြားသည်။
ဗိုဒူးကိုယ်းကွယ်ယုံကြည်မှုကို လိုက်နာကျင့်သုံးသော သက်ကြီးရွယ်အိုများသည် ပို၍ ပစ်မှတ်ထားခံခဲ့ရသည်ဟု ကွန်ရက်က ပြောကြားသည်။ ဤပြောကြားချက်ကို အခြားအခွင့်အရေး အဖွဲ့အစည်းနှင့် ဆီတီဆိုလိုင်းလ်တွင် နေထိုင်သူတစ်ဦးကလည်း ထောက်ခံထားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ် က အနည်းဆုံး လူပေါင်း ၁၈၄ ဦး သေဆုံးခဲ့သည်ဟု ဂျီနီဗာမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အသတ်ခံရသူ ၁၃၀ နီးပါးသည် အသက် ၆၀ နှစ်အထက်များ ဖြစ်ကြပြီး ဂိုဏ်းသားများက အလောင်းများကို မီးရှို့ပြီး ပင်လယ်ထဲသို့ ပစ်ချခဲ့သည်ဟု ကုလသမဂ္ဂ၏ ပြောကြားချက်အရ သိရသည်။