- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
အင်ဒိုနီးရှားမှာ ပထမဆုံး ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး အသုံးပြုခွင့်ရရှိ
အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံးအကြိမ် ပြည်တွင်း၌ထုတ်လုပ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အခြေအနေများအတွက် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှား ပြည်သူ့ကျန်းမာရေးဌာန အကြီးအကဲက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
30 Sep 2022
DMG ၊ စက်တင်ဘာ ၃၀
အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံးအကြိမ် ပြည်တွင်း၌ထုတ်လုပ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အခြေအနေများအတွက် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှား ပြည်သူ့ကျန်းမာရေးဌာန အကြီးအကဲက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဂျာကာတာသည် ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းနေခဲ့ခြင်းဖြစ်ကာ လတ်တလောတွင် တရုတ်ထုတ် Sinovac နှင့် အနောက်နိုင်ငံများမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများကိုသာ မှီခိုနေရသည်။
ယခုအတည်ပြုလိုက်သည့် IndoVac ထိုးဆေးအား အစိုးရပိုင် ဆေးဝါးကုမ္ပဏီဖြစ်သော Bio Farma နှင့် တက္ကဆက်အခြေစိုက် Baylor College of Medicine တို့ ပူးပေါင်းထုတ်လုပ်ထားခြင်း ဖြစ်သည်။
IndoVac ကို ကာကွယ်ဆေး မထိုးရသေးသူများနှင့် တစ်စိတ်တစ်ပိုင်း ထိုးထားပြီးသူများအတွက် ပင်မထိုးဆေးအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
“ပြည်တွင်းမှာ ကာကွယ်ဆေးထုတ်လုပ်နိုင်တာဟာ အင်ဒိုနီးရှားတွေအတွက် ဆေးဝါးအပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမှီအခိုကင်းမှုရဲ့ ပထမဆုံး ခြေလှမ်းတစ်ရပ်အဖြစ် ဂုဏ်ယူစရာဖြစ်ပါတယ်”ဟု အမျိုးသားအစားအစာနှင့်ဆေးဝါးဌာန အကြီးအကဲ ပင်နီလူကီတိုက သောကြာနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
IndoVac အသုံးပြုမှုတွင် ၉၂ ရာခိုင်နှုန်းအထိ ထိရောက်သည်ကိုတွေ့ရပြီး သုံးစွဲမှုနှင့်ဆက်စပ်ပြီး အသက်ဆုံးရှုံးရမှုများ မတွေ့ရှိရသေးသလို ဘေးထွက်ဆိုးကျိုးများလည်း ယေဘုယျအားဖြင့်နည်းပါးသည်ဟု ကျန်းမာရေးဌာနအကြီးအကဲက ပြောဆိုသည်။