- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
စင်္ကာပူအတွက် လျှပ်စစ်ဓာတ်အားကို လာအိုထံမှ ဝယ်ယူ
စင်္ကာပူနိုင်ငံသည် ဥတုရာသီပြောင်းလဲမှု ထိန်းချုပ်ရေး မူဝါဒများအား ကျင့်သုံးရာ၌ ပထမဆုံးအဖြစ် လာအိုမှ ဝယ်ယူထားသည့် ရေအားလျှပ်စစ်ကို စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Jun 2022
DMG ၊ ဇွန် ၂၆
စင်္ကာပူနိုင်ငံသည် ဥတုရာသီပြောင်းလဲမှု ထိန်းချုပ်ရေး မူဝါဒများအား ကျင့်သုံးရာ၌ ပထမဆုံးအဖြစ် လာအိုမှ ဝယ်ယူထားသည့် ရေအားလျှပ်စစ်ကို စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်းနှင့် မလေးရှားတို့ကို ဖြတ်ကျော်သွယ်တန်းထားသည့် အဆိုပါလျှပ်စစ်ဓာတ်အားမှ စင်္ကာပူသည် ၁၀၀ မဂ္ဂါဝပ်အထိ ရရှိမည်ဖြစ်ကြောင်း စင်္ကာပူစွမ်းအင်ရှာဖွေရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
စင်္ကာပူသည် ကာဘွန်ထုတ်လုပ်မှု နည်းပါးသည့် လျှပ်စစ်စွမ်းအင်ကို ပြည်ပမှ တင်သွင်းရန် စီစဉ်လျက်ရှိရာ ၂၀၃၅ ခုနှစ်တွင် ၄ ထောင်မဂ္ဂါဝပ်၊ သို့မဟုတ် တစ်နိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအထိ ဝယ်ယူရန် မျှော်လင့်လျှက်ရှိသည်။
စင်္ကာပူအတွက် လျှပ်စစ်ကို Electricite du Laos ကုမ္ပဏီက တာဝန်ယူထားပြီး လာအိုရှိ ရေကာတာများမှတစ်ဆင့် ရေအားလျှပ်စစ်ထုတ်လုပ်ကာ ထိုင်းနှင့် မလေးရှားနိုင်ငံများရှိ ရှိနှင့်ပြီး လျှပ်စစ်လိုင်း သွယ်တန်းမှုများမှတစ်ဆင့် စင်္ကာပူသို့ ပို့လွှတ်ခြင်းဖြစ်သည်။
စင်္ကာပူစွမ်းအင်ရှာဖွေရေး အာဏာပိုင်အဖွဲ့က ထုတ်ပေးသည့် လိုင်စင်ရရှိထားသော Keppel Electric Pte က Electricite du Laos ကုမ္ပဏီနှင့် ၂ နှစ်စာ စာချုပ်ချုပ်ဆိုတင်သွင်းခြင်း ဖြစ်ကြောင်း ဘလွန်းဘက်သတင်းတွင် ဖော်ပြသည်။
လာအိုနိုင်ငံသည် လျော့နည်းလာသည့် နိုင်ငံတော်အရန်ငွေကို ကာမိရန်နှင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကို ထေမိရန်ကြိုးပမ်းနေချိန်၌ ယခုကဲ့သို့ စွမ်းအင်ရောင်းချခြင်းဖြစ်သည်။
စင်္ကာပူအတွက်လည်း ပြီးခဲ့သည့်နှစ်က မလေးရှားက ပြန်ပြည့်မြဲစွမ်းအင် ပြည်ပရောင်းချမှု ပိတ်ပင်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မလေးရှားအဆက်ဖြင့် လာအိုနိုင်ငံထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။