- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
အကြမ်းဖက်မှုများ ပြုလုပ်ရန်ကြံစည်သည့် စင်္ကာပူကျောင်းသားတစ်ဦး ဖမ်းဆီးခံရ
ဖမ်းဆီးခံရသူ စင်္ကာပူနိုင်ငံသား မူဟာမက်အီယာဖန်သည် အွန်လိုင်းမှ ဝါဒဖြန့်ချိရေးဖိုင်များကို ကြည့်ကာ အစွန်းရောက်ဖြစ်လာခဲ့ပြီးနောက် လက်နက်ကိုင် အကြမ်းဖက်မှုများအတွက် ပြည်ပသို့ ထွက်ခွာရန် ရည်ရွယ်ခဲ့သည်။
02 Feb 2023
အီယာဖန်ထံမှ သိမ်းဆည်းရရှိခဲ့သည့် ပစ္စည်းများ။ အရုပ်သေနတ်၊ ကိုယ်တိုင်ပြုလုပ်ထားသည့် အိုင်အက်စ်အဖွဲ့တံဆိပ် နဖူးစည်း၊ စတိုးဆိုင်မှ ဝယ်ယူခဲ့သည့်ဓား၊ စင်္ကာပူ အမျိုးသားဗိုလ်လောင်း စစ်သည်ယူနီဖောင်း။ ဓာတ်ပုံ - စင်္ကာပူ ပြည်ထဲရေးဝန်ကြီးဌာန။
အစ္စလာမစ်နိုင်ငံတော် (IS) အဖွဲ့ကို ထောက်ခံပြီး စင်္ကာပူတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြံစည်သူ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးအား ပြည်တွင်းလုံခြုံရေးဥပဒေဖြင့် ထိန်းသိမ်းလိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူ စင်္ကာပူနိုင်ငံသား မူဟာမက်အီယာဖန်သည် အွန်လိုင်းမှ ဝါဒဖြန့်ချိရေးဖိုင်များကို ကြည့်ကာ အစွန်းရောက်ဖြစ်လာခဲ့ပြီးနောက် လက်နက်ကိုင် အကြမ်းဖက်မှုများအတွက် ပြည်ပသို့ ထွက်ခွာရန် ရည်ရွယ်ခဲ့သည်။ လက်ရှိဖြစ်စဉ်တွင် သူတစ်ဦးတည်းသာ ဖြစ်ပြီး အခြားသူများအား စည်းရုံးခြင်း၊ အစွန်းရောက်အောင် သိမ်းသွင်းခြင်းတို့ ပြုလုပ်ရာ၌ အောင်မြင်ခဲ့သည့် အထောက်အထားများ မတွေ့ရကြောင်း ပြည်တွင်းလုံခြုံရေးဌာန (ISD) က ဖေဖော်ဝါရီလ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
အီယာဖန်သည် “မယုံကြည်သူများ” ကို တိုက်ခိုက်မှုပြုလုပ်ရန်အတွက် ဓားတစ်လက်ကို စတိုးဆိုင်မှ ဝယ်ယူခဲ့သည်။ သူ့အဆို “မယုံကြည်သူများ” သည် မွတ်ဆလင်မဟုတ်သူများ၊ ရှီယာနှင့် ဆူဖိမွတ်ဆလင်များကို ရည်ရွယ် ပြောကြားခြင်းဖြစ်သည်။
အီယာဖန်သည် ဗိုလ်လောင်းသင်တန်းကျောင်း National Cadet Corps ဌာနချုပ်ကိုလည်း အကြီးအကျယ် တိုက်ခိုက်မှုပြုလုပ်ရန် စိတ်အားထက်သန်နေခဲ့သည်။ အိုင်အက်စ်အဖွဲ့၏ ကားဗုံးဖောက်ခွဲမှု ဗီဒီယိုဖိုင်များကို အွန်လိုင်းမှကြည့်ရှုကာ သူသည် ဂိတ်တံခါးကို အသေခံဗုံးဖောက်ခွဲမည့်သူ တစ်ဦးကို စည်းရုံးလိုသည့်ဆန္ဒရှိခဲ့သည်ဟု ISD ၏ ပြောကြားချက်အရ သိရသည်။
၎င်းရည်ရွယ်ခဲ့သည့် နောက်ထပ် တိုက်ခိုက်မှုတစ်ခုမှာ ဟာဂျီမူဟာမက်ဆာလက်ဗလီရှိ သင်္ချိုင်းဂူကို ဗုံးဖောက်ခွဲရန် ဖြစ်သည်။ ထို့အတွက်လည်း သူသည် ဗုံးလုပ်နည်းလမ်းညွှန်ကို အွန်လိုင်းမှ ဒေါင်းလုပ်ချခဲ့သည်။
၎င်းကို ဖမ်းဆီးချိန်၌ သူ၏ အစီအစဉ်များအတွက် အောင်မြင်နိုင်သည့် အနေအထားသို့ မရောက်သေးဘဲ စိတ်ကူးကြံစည်နေဆဲသာ ရှိသေးသည်ဟု ISD ကပြောကြားသည်။