- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
မအိပ်သည့် လသားကလေးကို ဆွဲဆိတ်နှိပ်စက်သည့် မြန်မာအိမ်အကူ ထောင်ဒဏ် လ ၂၀ ချမှတ်ခံရ
စင်္ကာပူနိုင်ငံတွင် ၁၁ လသားအရွယ် ကလေးငယ်တစ်ဦးကို ကိုက်ခြင်း၊ ဆွဲဆိတ်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာအိမ်အကူ တစ်ဦးအား တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Feb 2025

စင်္ကာပူနိုင်ငံတွင် ၁၁ လသားအရွယ် ကလေးငယ်တစ်ဦးကို ကိုက်ခြင်း၊ ဆွဲဆိတ်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာအိမ်အကူ တစ်ဦးအား တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၂၄ နှစ်အရွယ် အဆိုပါ မြန်မာအိမ်အကူက ကလေးငယ် မအိပ်သည့်အတွက် စိတ်တိုလာပြီး ထိုကဲ့သို့ ပြုမူမိခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
စင်္ကာပူတရားရုံးက သူ့ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထောင်ဒဏ် လ ၂၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အိမ်အကူ၏ အမည်ရင်းဖော်ပြခွင့်ကို တရားရုံးက တားမြစ်ထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။ အဆိုပါအိမ်အကူသည် သူမလုပ်ကိုင်နေသော နေအိမ်၌ ကလေးသုံးဦးကို ထိန်းကျောင်းရသူဖြစ်သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ကလေးငယ်၏ ဘယ်ဖက်လက်မောင်း၌ ကိုက်ရာတစ်ခု တွေ့ရှိသဖြင့် အိမ်ရှင်က မေးမြန်းရာ ကလေးငယ်သည် တခါတရံ ကိုယ့်ကိုယ်ကိုယ် ကိုက်လေ့ရှိသဖြင့် အရာထင်ကျန်ခဲ့ခြင်းဟု အိမ်အကူက ဖြေကြားခဲ့သည်။ ထို့နောက်တွင် ကလေးငယ်က အိပ်ရန်ငြင်းဆန်နေသဖြင့် စိတ်တိုပြီး ကိုက်မိခဲ့ခြင်းဟု ဖြေကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
နောက်ပိုင်းတွင် ကလေးငယ်၏ မိခင်က သံသယဖြစ်ပြီး မေးမြန်းခဲ့ရာ၌ ကလေးငယ်၏ ခါးကို နှစ်ကြိမ်အထိ ဆွဲဆိတ်မိခဲ့ကြောင်း ဝန်ခံခဲ့သည်။ မိမိသည် ထိုကလေးငယ်နှင့်အတူ အိပ်ရပြီး နေ့စဉ် ညဉ့်နက်မှ အိပ်ရာဝင်ရသည်ဟု တရားရုံးတွင် သူမက ဖြေကြားသည်။ နေ့ပိုင်းတွင်လည်း အနားမရဘဲ အိမ်အလုပ်များကို လုပ်ရသေးသည်ဟု သူမက ပြောသည်။
"နေ့တိုင်း အိမ်ရေးမဝဘူး" ဟု ဗမာစကားပြန်မှတစ်ဆင့် သူမက တရားရုံးသို့ ဖြေကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ခရိုင်တရားသူကြီး ပေါလ်ချန်းကမူ အိပ်ရေးပျက်သဖြင့် ယခုကဲ့သို့ ပြုမူမိသည် ဆိုလျှင်တောင် ကလေးငယ်ကို ညှဉ်းပမ်းနှိပ်စက်ခြင်း မပြုရဟု ပြောကြားခဲ့ကြောင်း စီအန်အေသတင်းတွင် ဖော်ပြထားသည်။