- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
မြန်မာ့အရေး တည်ငြိမ်သွားအောင် နိုင်ငံရေးအင်အားစု အားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း တရုတ်ပြော
မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အကြပ်အတည်းအား ပြေလည်သွားစေရေးအတွက် တရုတ်အနေဖြင့် နိုင်ငံရေးအင်အားစုများ အားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒရှိသလို ဘက်လိုက်ခြင်းလည်း မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။
08 Mar 2021
![](https://www.dmgburmese.com/images/2021/March/158111794_1960191754133226_8382151541815452899_n.jpg)
မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အကြပ်အတည်းအား ပြေလည်သွားစေရေးအတွက် တရုတ်အနေဖြင့် နိုင်ငံရေးအင်အားစုများ အားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒရှိသလို ဘက်လိုက်ခြင်းလည်း မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေသည် တရုတ်ကမြင်တွေ့လိုသည့်ပုံစံ လုံးဝမဟုတ်ကြောင်း တရုတ်အစိုးရက ငြင်းပယ်ထားသည်။ အာဏာသိမ်းမှုတွင် တရုတ်၏ ပါဝင်ပတ်သက်မှု ရှိသည်ဆိုသည့် ဆိုရှယ်မီဒီယာပေါ်မှ ကောလာဟလများကိုလည်း တရုတ်က ငြင်းဆိုထားသည်။
“တရုတ်ဟာ မြန်မာ့အချုပ်အခြာအာဏာနဲ့ လူထုရဲ့ ဆန္ဒကို လေးစားပြီး တင်းမာနေတဲ့ အခြေအနေတွေ လျော့ကျသွားအောင် နိုင်ငံရေးအင်အားစုအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒရှိပါတယ်” ဟု ဝန်ကြီးဝမ်ယိက တနင်္ဂနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
"မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုပဲ ပြောင်းပြောင်း တရုတ်-မြန်မာ ဆက်ဆံရေးကို မြှင့်တင်လိုတဲ့ တရုတ်ရဲ့ ဆုံးဖြတ်ချက်က ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး” ဟု ဝမ်ယိက ပြောကြားသည်။
တရုတ်သည် မြန်မာစစ်တပ်အား အထောက်အပံ့ပေးသည်ဟု ယူဆပြီး ဆန္ဒပြသူများသည် ထောင်ချီစုဝေးပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မှုများ ရှိသည်။
တရုတ်အစိုးရကမူ အာဏာသိမ်းမည့် အစီအစဉ်အား မိမိတို့ကို ကြိုတင်အသိပေးထားခြင်း မရှိကြောင်း ပြောထားသည်။
တရုတ်သည် မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် မဟာဗျူဟာကျသည့် အကျိုးအမြတ် အများအပြား ရှိနေသလို မြန်မာအပေါ် အနောက်အုပ်စု၏ ဝေဖန်မှုများကိုလည်း ကာကွယ်ပေးလေ့ရှိသဖြင့် မြန်မာ့အရေးနှင့် ပတ်သက်လျှင် သံသယဝင်ခံရလေ့ရှိသည်။