- ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတပ်ပေါင်းစု ဖွဲ့နိုင်အောင် ပါကစ္စတန်ထောက်လှမ်းရေးက ဘယ်လိုကူညီနေသလဲ အပိုင်း (၁)
- အကျဉ်းထောင် ၄ ခုတွင် ထောင်ဝန်ထမ်းများ နိုင်/ကျဉ်းမိသားစုဝင်များထံမှ ငွေကြေးလိမ်လည်မှု ဆိုးရွားနေ
- စစ်တွေတွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြင်းထန်နေ
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ စည်းရုံးရေးလုပ်နေ
- ကျောက်ဖြူက စစ်ရှောင်စခန်းများတွင် အရေပြားရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေ
ရသေ့တောင် နယ်စပ်အထိ ARSA လှုပ်ရှားမှု ကျယ်ပြန့်လာနေ
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်စသည့် ဒေသများတွင် ပြည်သူများ အသက်အိုးအိမ်လုံခြုံရေးမှာ စိုးရိမ်စရာ ဖြစ်လာနေသည်။
06 Jan 2025
![ပုံစာ- ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်း တစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကတွေ့ ရစဉ်။](https://assets.dmediag.com/2025/1/bd.jpg)
DMG ၊ ဇန်နဝါရီ ၆
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်စသည့် ဒေသများတွင် ပြည်သူများ အသက်အိုးအိမ်လုံခြုံရေးမှာ စိုးရိမ်စရာ ဖြစ်လာနေသည်။
ဇန်ဝါရီ ၄ ရက် ည ၇ နာရီကျော်တွင် မောင်တော၊ ကျောက်ပန္ဒူကနေ ရသေ့တောင်မြို့နယ် စေတီပြင်သို့ လာ သည့် ခရီးသည်တင် တုတ်တုတ်ချေ (အိန္ဒိယ သုံးဘီး) တစ်စီးကို မေယုတောင်ကျော်လမ်း၊ မြို့ယုကျေးရွာ အနီးတွင် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် ၃ ဦးထဲမှ တစ်ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“စေတီပြင်ကိုသွားတဲ့ တုတ်တုတ်ချေကို အာဆာက ခြုံခိုပြီး အနီးကပ်ပစ်တာ။ တစ်ယောက်က သေသွားပြီး ကျန်တဲ့ နှစ်ယောက်လည်း ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူတွေက အင်းဒင်ရွာက တစ်ယောက်၊ ဦးဒေါင်းရွာ က တစ်ယောက် လို့သိရတယ်။ သေတဲ့ လူတစ်ယောက်ကိုတော့ ကျမ နာမည်မသိရဘူး” ဟု ကျောက်ပန္ဒူ ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ARSA RSO ARA အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၊ ဘူးသီးတောင် မေယုတောင်ကြောတလျှောက်တွင် လှုပ်ရှားပြီး ပြည်သူများကို ဖမ်းဆီး ငွေညစ်ခြင်းနှင့် ခြုံခုံတိုက်ခိုက်ခြင်းတို့ မကြာခဏပြုလုပ်တတ်သည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် မောင်တောဒေသတွင် လုံခြုံရေးတိုးမြှင့်ထားသည့် ကြားမှ မောင်တော-ရသေ့ တောင်နယ်စပ်အထိ ARSA အဖွဲ့ဝင်များက ပြည်သူများကို တိုက်ခိုက်မှုများပြုလုပ်လာသဖြင့် ဒေသခံ များကြားတွင် စိုးရိမ်မှု မြင့်တက်လျှက်ရှိသည်။
“အာဆာတွေပိုပြီး ကြောက်စရာ ကောင်းလာတယ်။ အခု တိုက်ခိုက်ခံရတာဆိုရင် မြိုယုရွာ အလွန်က လူသွား လူလာများတဲ့ နေရာမှာဖြစ်တာ ရသေ့တောင်မြို့နယ် စေတီပြင်နဲ့လည်း သိပ်မဝေးတော့ဘူး။ ရွာက တချို့လူတွေဆို တောင်ကျော်လမ်းကို ကြောက်လို့ မသွားရဲတော့ဘူး ” ဟု စေတီပြင်ကျေးရွာမှ အမျိုးသမီး တစ်ဦးကပြောသည်။
အာရက္ခတပ်တော်လုံခြုံရေးတပ်ဖွဲ့ဝင်များသည့် ဒေသအတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေသည့် ARSA နှင့် အခြားမွတ်ဆလင်လက်နက်ကိုင် အဖွဲ့ဝင်များအား လိုက်လံရှင်းလင်းနေကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာလ ၅ ရက်ကလည်း ARSA အဖွဲ့ဝင်များ ဘူးသီးတောင်မြို့နယ် ဆင်စွယ်ရ (သက္ကမ) ကျေးရွာတွင်းသို့ ဝင်ရောက်မီးရှို့တိုက်ခိုက်မှုကြောင့် ကျေးရွာတွင်းရှိ အိမ်နှစ်ဆောင်မီးရှို့ခံရကာ အသက် (၁၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရပြီး အမျိုးသား ၅ ဦး ဖမ်းဆီးခံခဲ့ရသည်။
အလားတူ ဒီဇင်ဘာ ၂၄ ရက်တွင်လည်း ကြိမ်ချောင်းမှ တောင်ပြိုလက်ဝဲသို့သွားသည့် ကားတစ်စီးအား ARSA အ ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့သည်။