- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
မုန်တိုင်းအရှိန်ကြောင့် လာမည့်ရက်အတွင်း ရခိုင်တွင် မိုးကြီးမည်
မုန်တိုင်းအရှိန်ကြောင့် မေ ၂၄ မှ ၂၇ ရက်အတွင်း မြန်မာနိုင်ငံအနှံ့တွင် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဟု သတိပေးထားသည်။
24 May 2024
DMG ၊ မေ ၂၄
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် လာမည့် ၃ ရက်အတွင်း ရခိုင်တွင် မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီဌာနက ထုတ်ပြန်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ - ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ရခိုင်ပြည် ဂွမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၇၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဆိုသည်။
မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ရွေ့လျားနေရာက မေလ ၂၅ ရက်နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ် သို့ ရောက်ရှိနိုင်သည်။ ယင်းမှတစ်ဆင့် မြောက်ဘက်သို့ ဆက်ရွေ့ကာ မေလ ၂၆ ရက် နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ်သို့ ရောက်ရှိကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဦးတည်သွားနိုင်ကြောင်း မိုးဇလက ခန့်မှန်းသည်။
မုန်တိုင်းအရှိန်ကြောင့် မေ ၂၄ မှ ၂၇ ရက်အတွင်း မြန်မာနိုင်ငံအနှံ့တွင် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဟု သတိပေးထားသည်။
မုန်တိုင်းသတင်းကြောင့် မလုံခြုံသော အမိုးအကာအောက်တွင် နေထိုင်ပြီး စစ်ဘေးတိမ်းရှောင်နေရသူများမှာ စိုးရိမ်မှုရှိနေကြသည်။
“မုန်တိုင်းရှိတယ်လို့သတင်းကြားတယ်။ မုန်တိုင်းကြောင့် မိုးကြီးမှာကို ကျနော်တို့ စိုးရိမ်နေတယ်။ ကျနော်တို့မှာက တာပေါ်လေစတွေနဲ့ တဲကုတ်လေးတွေဆောက်ပြီး နေနေရတာလေ။ မိုးရွာရင် နေမယ့်နေရာ မရှိဘူး။ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးပိုင်းတွေအတွက် ပိုစိုးရိမ်ရတယ်” ဟု ရခိုင်ဒေသက စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့်နှစ် မေလကလည်း “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့ပြီး ယနေ့အချိန်ထိ နာလံမထူနိုင်ကြသေးပေ။ ယခုကာလသည် မုန်တိုင်းအဖြစ်များသည့် အချိန်ကာလဖြစ်သဖြင့် သသဘာဝဘေးအန္တရာယ်များကို သတိထားစောင့်ကြည့်ရန် လိုအပ်သည်။