- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်၊ စုစုပေါင်းထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ပြည်တွင်း စီးပွာရေးလုပ်ငန်းရှင်တစ်ဦးမှ အမေရိကန်ဒေါ်လာငွေ ၅ သိန်းခွဲ လက်ခံခဲ့သည်ဟု စွပ်စွဲချက်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှုနှစ်မှုအတွက် ယနေ့(အောက်တိုဘာလ ၁၂ ရက်)တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း နေပြည်တော် အထူးတရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
12 Oct 2022

DMG ၊ အောက်တိုဘာ ၁၂
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ပြည်တွင်း စီးပွာရေးလုပ်ငန်းရှင်တစ်ဦးမှ အမေရိကန်ဒေါ်လာငွေ ၅ သိန်းခွဲ လက်ခံခဲ့သည်ဟု စွပ်စွဲချက်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှုနှစ်မှုအတွက် ယနေ့(အောက်တိုဘာလ ၁၂ ရက်)တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း နေပြည်တော် အထူးတရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က အလှူငွေလှူဒါန်းခဲ့မှုအပေါ် စစ်ကောင်စီမှ ပြီးခဲ့သည့်ဇန်နဝါရီလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၅ ဖြင့် တရားစွဲခဲ့ပြီး ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ဦးဇော်ဝိတ်နဲ့ဆက်စပ်ပြီး အန်တီစု တရားအစွဲခံရတဲ့အမှုကို ဒီနေ့မှာဘဲ အပြီးသတ် အမိန့်ချလိုက်ပါတယ်။ ထောင်ဒဏ် သုံးနှစ်ထပ်ချခံရပါတယ်”ဟု အဆိုပါ နီးစပ်သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိမှု နှစ်မှုအတွက် တစ်မှုလျှင် ထောင်ဒဏ်သုံးနှစ်စီချမှတ်ခဲ့ပြီး တစ်ပေါင်းတည်း သုံးနှစ်သာကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအသိုင်းအဝန်းထံမှ သိရသည်။
“အမေစုအပေါ်ကို တရားစွဲထားတဲ့ အဂတိအမှုနှစ်ခုကို တစ်ခုစီသုံးနှစ် ပေါင်းခြောက်နှစ်ပေါ့။ ဒါပေမယ့် နှစ်မှုပေါင်းသုံးနှစ်အဖြစ်ပဲ အမိန့်ချမှတ်သွားပါတယ်”ဟု ရှေ့နေတစ်ဦးက ဆိုသည်။
ဦးဇော်ဝိတ်ဆိုသူက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံသို့ အလှူငွေများ လှူဒါန်းခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်မှ လေးကြိမ်ခွဲယူလက်ခံသည်ဟုဆိုကာ စစ်ကောင်စီဘက်က အဂတိမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယခုအမိန့်ချမှတ်ခဲ့သည့် အဂတိအမှုနှင့်ပတ်သက်ပြီး အယူခံဝင်သွားရန်ရှိကြောင်း သိရသည်။
စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် တစ်လအကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့် တရားစွဲဆိုခဲ့သည်။
ယင်းအထဲမှ အမှု ၁၄ မှုအတွက် ဒေါ်အောင်ဆန်စုကြည်သည် စုစုပေါင်းထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ထောင်ဒဏ် ၂ နှစ် ပြန်လည်လျှော့ချခဲ့သဖြင့် ယခုထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံထားရသည်။
ထို့အပြင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်း အသုံးပြုသည့် ကိစ္စဖြင့်ပတ်သက်ပြီး အဂတိအမှုငါးမှုဖြင့် ထပ်မံအမှုရင်ဆိုင်နေရသေးသည်။