- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နှစ်နှစ်ကျော်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ် ၂၀၀ ထိရှိခဲ့
အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း၊ ဘုတလင်ကျေးရွာတွင် စစ်ကောင်စီက အရပ်သား ဒါဇင်နှင့်ချီ ရက်စက်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှာ ထင်ရှားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။
02 Nov 2024
DMG ၊ နိုဝင်ဘာ ၂
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်ထိ နိုင်ငံတဝန်းတွင် ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၂၀၀ အထိ ရှိခဲ့ကြောင်း နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) ၏ အစီရင်ခံစာအရ သိရသည်။
ဖြစ်စဉ်စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်း (၁၈၅) ခုကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ပြီး ကျန်ဖြစ်စဉ် ၁၂ ခု (၆ ရာခိုင်နှုန်း)မှာ အမည်မဖော်နိုင်သေးသည့် အစုအဖွဲ့များ၊ ဖြစ်စဉ် ၂ ခု (တစ်ရာခိုင်နှုန်း)ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF-LDF)နှင့် နောက်ထပ် ဖြစ်စဉ် ၁ ခုကို ARSA က ကျူးလွန်ခဲ့ကြောင်း BNI ၏ အောက်တိုဘာ ၁ ရက်ထုတ် အစီရင်ခံစာက ဖော်ပြသည်။
အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း၊ ဘုတလင်ကျေးရွာတွင် စစ်ကောင်စီက အရပ်သား ဒါဇင်နှင့်ချီ ရက်စက်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှာ ထင်ရှားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။
“လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အပိုင်းပိုင်းဖြတ်တောက်ကာ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေမှာ လူသားဆန်မှု၊ လူစိတ်ကင်းမဲ့နေကြတာကို ထင်ရှား နေတယ်” ဟု BNI ကဆိုသည်။
BNI မှတ်တမ်းများအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များ၏ ၂၉ ရာခိုင်နှုန်း (၅၈) ခုမှာ စစ်ကိုင်းတိုင်းတွင် ဖြစ်ပြီး အရပ်သားသေဆုံးသူ ၆၄၅ ဦးရှိကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု အများဆုံးဒေသဖြစ်သည်။
ဒုတိယအများဆုံးမှာ ရခိုင်ပြည်တွင် ဖြစ်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ် (၃၀) ခုရှိခဲ့ပြီး အရပ်သားပြည်သူ (၃၆၇) သေဆုံးခဲ့သည်။
ရှမ်းမြောက်၊ မကွေးနှင့် ကချင်ဒေသ တစ်ခုချင်းစီတွင်လည်း (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ပေါင်း (၁၀) ခုထက် မနည်းရှိခဲ့ကြောင်း BNI အစီရင်ခံစာတွင် ပါရှိသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးကိုက “အာဏာသိမ်းချိန်မှစပြီး အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူသားမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေတို လူထုပေါင်းစုံ၊ နေရာပေါင်းစုံ လူမျိုးပေါင်းစုံက ခါးစည်းရင်ဆိုင်နေကြရတယ်။ ဒီအထဲမှာတော့ အမျိုးသမီးတွေ၊ ကလေငယ်တွေက ပိုပြီး ခက်ခက်ခဲခဲရှင်သန်နေကြရတယ်” ဟု ပြောသည်။
နိုင်ငံတဝန်းတွင် စစ်ကောင်စီသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၂၅ ရက်အထိ ၅ ဦးနှင့် အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ် ၉၄ ခုအထိရှိခဲ့ပြီး ထိုပမာဏမှာ နှစ်နှစ်ကျော်အတွင်း သတ်ဖြတ်ခံရမှု၏ ၅၀ ရာခိုင်နှုန်းရှိသည်ဟု BNI အစီရင်ခံစာတွင် ဖော်ပြထားသည်။