- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ရွေးကောက်ပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများလုပ်နေကြောင်း စစ်ခေါင်းဆောင်ပြော
မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်အားထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီးတရားမျှတသော အထွေထွေရွေးကောက်ပွဲအား မဖြစ်မနေပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
15 Jan 2025

DMG ၊ ဇန်နဝါရီ ၁၅
မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်အားထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီးတရားမျှတသော အထွေထွေရွေးကောက်ပွဲအား မဖြစ်မနေပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ယနေ့ ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်သည့် ကယားပြည်နယ်နေ့အတွက်ပေးပို့သည့် သဝဏ်လွှာတွင် ယင်းသို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
ပြည်သူ့ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်အား လျှောက်လှမ်းသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လည်း လိုအပ်သည့်ပြင်ဆင်မှုများဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင်က ပြောသည်။
“ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံတချို့ကလည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုတွေကို တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးတော့ရော အားပေးအားမြှောက် ပြုလုပ်နေကြတယ်။ သူတို့ဟာ နိုင်ငံကိုသူတို့အလိုကျ ချယ်လှယ်ချုပ်ကိုင်နိုင်ဖို့နဲ့ ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီကို နှောင့်နှေးစေပြီး ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေတာကို သတိပြုကြပါ” ဟုလည်း စစ်ခေါင်းဆောင်က ပြည်ပနိုင်ငံများအား ပြစ်တင်ပြောဆိုထားသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာပြီးနောက် ၆ လစီ သက်တမ်းတိုးနေသည်မှာ ၄ နှစ်နီးပါးကြာ မြင့်လာပြီဖြစ်သည်။
လက်ရှိ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များကြောင့် ထိန်းချုပ်နယ်မြေနှင့် တပ်စခန်းအမြောက်အများ စွန့်လွတ်လာရသည့် စစ်ကောင်စီသည် ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် နိုင်ငံတကာကို ရွေးကောက်ခံအစိုးတစ်ရပ်အနေဖြင့် ပြသနိုင်ရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ရှုမြင်ကြသည်။
“စစ်ခေါင်းဆောင်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးထွက်ပေါက် အကုန်ပိတ်သွားတယ်။ လက်ရှိ အချိန်ထိ စစ်ခေါင်းဆောင် တစ်ယောက်ပဲဖြစ်တယ်။ နိုင်ငံရေးခေါင်းဆောင်တော့ ဖြစ်မလာသေးဘူးပေါ့။ ဒါကြောင့် တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြည်သူဆန္ဒနဲ့ မဲပေးသလိုလို ဟန်ပြလုပ်ပြီး နိုင်ငံတကာမှာ တရားဝင်ရွေးကောက်ခံ အစိုးရဖြစ်တယ်လို့ ပြောဖို့ကြိုးပမ်းတာပဲဖြစ်တယ်” ဟု စာရေးဆရာ ဝေဟင်အောင်က သုံးသပ်သည်။
စစ်ကောင်စီသည် ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြိမ်ဖန်များစွာပြောနေသော်လည်း မြေပြင်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေမှုကြောင့် အရပ်သားများစွာ ထိခိုက်သေဆုံးနေကြပြီး နေအိမ်အဆောက်အဦး အများအပြားလည်း ပျက်စီးဆုံးရှုံးနေကြရသည်။
လက်ရှိ နိုင်ငံတဝန်းလုံးတွင် တော်လှန်ရေးအင်အားစုများက မြို့ ၉၀ ကျော်အထိ သိမ်းပိုက်ထားပြီး အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကိုလည်း စစ်ကောင်စီက လက်လွှတ်ထားရသည်။