- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်ကို ICJ အရေးယူရန်ကြိုးပမ်းနေမှု ညီနောင်မဟာမိတ်သုံးဖွဲ့ ထောက်ခံ
မြန်မာ့တပ်မတော်ကို ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး(ICC) ၌လည်းကောင်း၊ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ရ အာဂျင်တီးနားတရားရုံး၌ လည်းကောင်း အမှုဖွင့်တိုင်ကြားပြီး အရးယူနိုင်ရန် စတင်ကြိုးပမ်းနေသည်ကို ထောက်ခံကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က...
29 Nov 2019
ကျော်ချစ် | DMG
နိုဝင်ဘာ ၂၉ ၊ စစ်တွေ
မြန်မာ့တပ်မတော်ကို ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး(ICC) ၌လည်းကောင်း၊ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ရ အာဂျင်တီးနားတရားရုံး၌ လည်းကောင်း အမှုဖွင့်တိုင်ကြားပြီး အရးယူနိုင်ရန် စတင်ကြိုးပမ်းနေသည်ကို ထောက်ခံကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။
“ကျနော်တို့ဘက်က ထောက်ခံတယ်ဆိုတာက ဗမာစစ်ခေါင်းဆောင်တွေဟာ နှစ်ပေါင်း ၇၀ လောက် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လာတာ။ အဲဒါကြောင့်မို့ အပြစ်ရှိတဲ့ စစ်ရာဇဝတ်သားတွေကို အရေးယူဖို့ကြိုးစားတယ်ဆိုတာက မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်။ ကျနော်တို့ဘက်ကလည်း ထောက်ခံတယ်။ ဒီလိုမျိုးအရေးယူနိုင်မှပဲ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်” ဟု ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA)တို့က မြန်မာတပ်မတော်၏ လုပ်ရပ်များအပေါ် အပြစ်ပေးအရေးယူရန် ကြိုးပမ်းမည့်သူများ၊ အဖွဲ့အစည်းများအား ၎င်းတို့ရရှိထားသည့် သက်သေအချက်အလက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အမြဲတမ်းအဆင်သင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“စစ်ရှောင်တွေ ရွာတွေကပြေးသွားတဲ့အချိန်မှာ သူတို့မှာကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဗမာစစ်တပ်တွေက သတ်စားလိုက်ပြီးပြီ။ သူတို့မှာကျန်ခဲ့တဲ့ ဆန်၊ စပါးတွေကိုလည်း ဗမာစစ်တပ်တွေက သူတို့ရိက္ခာအဖြစ်နဲ့ အားလုံးကို လိုချင်တဲ့ဟာကို ယူစားလိုက်ပြီးပြီ။ တန်ဖိုးရှိပစ္စည်းတွေကိုလည်း ရွာသားတွေမရှိတဲ့အချိန်မှာ ဖောက်ထွင်းခိုးယူမှုတွေကို ဗမာစစ်တပ်ဘက်က တောက်လျှောက်လုပ်နေတာရှိတယ်။ ဒီဟာတွေဟာ လူသားတစ်ဦးအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ ဒီဟာတွေကိုလည်း နိုင်ငံတကာအနေနဲ့ တစ်ပါတည်း အရေးယူဖို့သင့်တယ်ဆိုတာကို ကျနော်တို့ဘက်က ထောက်ပြချင်တာရှိတယ်” ဟု ခိုင်သုခက ဆိုသည်။
လက်ရှိတွင် ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကိုယ်စား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်၏လုပ်ဆောင်ချက်များအပေါ် အရေးယူပေးရန် အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုထားသည်။
ထိုသို့ တရားစွဲဆိုထားသည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ သွားရောက်ဖြေရှင်းမည် ဖြစ်သည်။
ယခု အမှုကိုရင်ဆိုင်ရာတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း
ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်းမပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။