- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်ခံရမှုအရေး အိုင်စီစီတွင် စစ်ဆေးမှုကို အရှိန်မြှင့်ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) တွင် စစ်ဆေးနေသည့် မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်အမှုကို မြန်မြန်ဆန်ဆန် ပြီးပြတ်စေလိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမမ်က ပြောကြားလိုက်သည်။
05 Jul 2023

နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) တွင် စစ်ဆေးနေသည့် မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်အမှုကို မြန်မြန်ဆန်ဆန် ပြီးပြတ်စေလိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမမ်က ပြောကြားကြောင်း BDNews24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် အိုင်စီစီရှေ့နေ ကယ်ရင်အေအေခန်ကေစီနှင့် ဇူလိုင်လ ၄ ရက်၊ အင်္ဂါနေ့က တွေ့ဆုံစဉ် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဒီအမှု ရှည်ကြာလေးဖင့်နေတာမျိုး မဖြစ်စေချင်ပါဘူး” ဟု ဝန်ကြီးက ပြောကြားသည်။
ဤအမှု မြန်မြန်ဆန်ဆန် အဆုံးသတ်လေ၊ လူထုနှင့် မွတ်ဆလင်ဒုက္ခသည် အသိုင်းအဝိုင်းအတွက် အကျိုးရှိလေဖြစ်ကြောင်းလည်း မိုမမ်က အလေးပေးပြောကြားခဲ့သည်ဟု BDNews သတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် သြဂုတ်လက မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး လုပ်ရပ်များကြောင့် မွတ်ဆလင် ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရပြီး အဆိုပါဖြစ်ရပ်ကို ကုလသမဂ္ဂက “လူမျိုးရေးရှင်းလင်းမှု (Ethnic Cleansing)” ဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။ နောက်ထပ် မွတ်ဆလင် ဒုက္ခသည် ၄ သိန်းခန့်သည်လည်း ဘင်္ဂလားဒေ့ရှ်၌ ခိုလှုံနေကြသည်မှာ ဆယ်စုနှစ်နှင့်ချီ ရှိနေပြီဖြစ်သည်။
ရှေ့နေ အေအေခန်သည် မွတ်ဆလင်ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင်လ ၄ ရက်နေ့မှစ၍ ၄ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ဘက်က အေအေခန်ကို ရနိုင်သမျှ အကူအညီများအားလုံး ပေးအပ်ရန်နှင့် ယခုအမှုနှင့် ပတ်သက်ပြီး အိုင်စီစီနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မိုမမ်က အာမခံပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။