- ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတပ်ပေါင်းစု ဖွဲ့နိုင်အောင် ပါကစ္စတန်ထောက်လှမ်းရေးက ဘယ်လိုကူညီနေသလဲ အပိုင်း (၁)
- အကျဉ်းထောင် ၄ ခုတွင် ထောင်ဝန်ထမ်းများ နိုင်/ကျဉ်းမိသားစုဝင်များထံမှ ငွေကြေးလိမ်လည်မှု ဆိုးရွားနေ
- စစ်တွေတွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြင်းထန်နေ
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ စည်းရုံးရေးလုပ်နေ
- ကျောက်ဖြူက စစ်ရှောင်စခန်းများတွင် အရေပြားရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေ
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို သမ္မတထရမ့် ဒဏ်ခတ်အရေးယူ
The Hague အခြေစိုက် တရားရုံးတော်က အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည့် လုပ်ရပ်မှာ ၎င်း၏အာဏာကို အလွဲသုံးစားပြုလုပ်ခဲ့ခြင်းပင်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
07 Feb 2025
![ဓာတ်ပုံ - Reuters](https://assets.dmediag.com/2025/2/Dawnatr-Feb8.jpg)
အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ ရင်းနှီးသောမဟာမိတ် အစ္စရေးကို ပစ်မှတ်ထား၍ အခြေအမြစ်မရှိသော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အပေါ် ဒဏ်ခတ်ပိတ်ဆို့သည့် အမိန့်ညွှန်ကြားစာတစ်ရပ်ကို ဖေဖော်ဝါရီ ၆ ရက်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုအမိန့်စာအရ ICC ၏ စုံစမ်းစစ်ဆေးမှုများကို ကူညီပေးသည်ဟု ယူဆရသူများ အပါအဝင် ICC အရာရှိများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများ ရပ်ဆိုင်းသွားမည်ဖြစ်သလို ခရီးသွားလာခွင့်များပါ ပိတ်ပင်ခံရမည် ဖြစ်သည်။
The Hague အခြေစိုက် တရားရုံးတော်က အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည့် လုပ်ရပ်မှာ ၎င်း၏အာဏာကို အလွဲသုံးစားပြုလုပ်ခဲ့ခြင်းပင်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ပြီးခဲ့သော ၄ ရက်နေ့ကမှ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သေးသည်။
အမေရိကန်သမ္မတ အိမ်ဖြူတော်ရှိရာဆီသို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အလည်အပတ်ခရီးစဉ် လာရောက်ခဲ့ပြီးသည့် နောက်တွင် ထွက်ပေါ်လာခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများက အမေရိကန်ပြည်ထောင်စု ဘက်ကနေ၍ အစ္စရေးအပေါ်ထားရှိသည့် ထောက်ခံမှုကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
အမေရိကန်တပ်ဖွဲ့ဝင်များက အာဖဂန်နစ္စတန်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်နှင့် အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာတွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်များကို ICC က ရည်ညွှန်းကာ စုံစမ်းစစ်ဆေးများ ဆောင်ရွက်မည်ဆိုခြင်းသည် တရားရုံးတော်က အမေရိကန်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စု၏ အရင်းနှီးဆုံးသော မဟာမိတ်ဖြစ်သည့် အစ္စရေးကို ပစ်မှတ်ထား၍ အခြေအမြစ်ကင်းမဲ့ခြင်းနှင့် တရားမဝင်လုပ်ရပ်များ လုပ်ဆောင်ရာတွင် ပတ်သက်ဆက်နွယ်ရာ မြောက်ကြောင်း အမိန့်တွင် ဖော်ပြပါရှိသည်။
သမ္မတထရမ့်က ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းကို ICC ဘက်မှ လတ်တလော မှတ်ချက်ပေး တုံ့ပြန်ခြင်းများ မရှိသေးပေ။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့သည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC)၏ အဖွဲ့ဝင်နိုင်ငံများ မဟုတ်ကြပေ။
ICC က ဖမ်းဝရမ်း ထုတ်ပြန်ထားသည့် နိုင်ငံခေါင်းဆောင် အများအပြားရှိပြီး ၎င်းတို့ထဲတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့လည်း ပါဝင်သည်။ မြန်မာစစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း မွတ်ဆလင်ဒုက္ခသည်များအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများနှင့် ပတ်သက်ပြီး ဖမ်းဝရမ်း ထုတ်နိုင်ရေးအတွက် ICC က ကြိုးပမ်းလျက်ရှိသည်။