- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
စစ်ကောင်စီလက်ချက်ကြောင့် ဇန်နဝါရီလအတွင်း အမျိုးသမီး ၈၆ ဦး သေဆုံး
စစ်ရေးပဋိပက္ခ မြင့်တက်နေသည့် မြန်မာနိုင်ငံတွင် စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီးများမှာ နေ့စဉ်နှင့်အမျှ ထိခိုက်သေဆုံးမှုမြင့်တက်ကာ၊ လုံခြုံမှုကင်းမဲ့နေရကြောင်း လူ့အခွင့်အရေးလှုပ်ရှားသည့် အမျိုးသမီးများက ပြောသည်။
08 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၈
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ရပြီး ၇၇ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အကြောင်းမဲ့ ရိုက်နှက်ခြင်းတို့ကြောင်း သေဆုံးရခြင်းဟု ဆိုထားသည်။
BWU ၏ ထုတ်ပြန်ချက်အရ သေဆုံးမှုများထဲတွင် ရခိုင်ပြည်က ၃၉ ဦးနှင့် အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ၁၁ ဦးနှင့် ဒုတိယ အများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းတွင် ၁၀ ဦးအပြင် အခြားဒေသတို့မှ ဖြစ်သည်။
" စစ်ကောင်စီသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ်ကျူးလွန်သော ရာဇဝတ်မှုများ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေခြင်းကြောင့် အမျိုးသမီးများသည်လည်း နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသည် " ဟု မြန်မာ့အမျိုးသမီးများသမဂ္ဂက ဆိုထားသည်။
ယခု အချက်အလက်များသည် BWU က သတင်းမီဒီယာများနှင့် မြေပြင်မှ လက်လှမ်းမီသလောက် ကောက်ယူစုဆောင်းထားသည့် အချက်အလက်များဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း ဖော်ပြထားသည်။
စစ်ရေးပဋိပက္ခ မြင့်တက်နေသည့် မြန်မာနိုင်ငံတွင် စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီးများမှာ နေ့စဉ်နှင့်အမျှ ထိခိုက်သေဆုံးမှုမြင့်တက်ကာ၊ လုံခြုံမှုကင်းမဲ့နေရကြောင်း လူ့အခွင့်အရေးလှုပ်ရှားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
" အမျိုးသမီးတွေက ဘယ်လိုမှ လုံခြုံမှု မရှိဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာက ပိုဆိုးလာပြီး အမျိုးသမီးတွေရဲ့ ဘဝရှေ့ရေးအတွက် အများကြီး စိုးရိမ်စရာဖြစ်နေပါတယ်။ အမျိုးသမီးတွေမှာ အသက်မွေးဝမ်းကျောင်းအတွက်လည်း မသေချာ၊ ဘဝရှေ့ရေးလည်း မသေချာတဲ့အခြေနေ ဖြစ်ပါတယ် " ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာအတွင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ပြီး ၄၁၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု BWU ၏ အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းမြင့်မားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုများကြောင်း နိုင်ငံတဝန်းက အမျိုးသမီးများ၏ ရှေ့ရေးအတွက် စိုးရိမ်စရာ ဖြစ်နေသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု( ISP Myanmar)က ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။