- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
စစ်ကောင်စီ မြေမြှုပ်မိုင်းကြောင့် အမ်းတွင် ကလေးတစ်ဦး ခြေတစ်ဖက် ပြတ်သွား
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့ပြီး မြေမြှုပ်မိုင်းများကို ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
29 Oct 2024
DMG ၊ အောက်တိုဘာ ၂၉
စစ်ကောင်စီ ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိမှုကြောင့် ရခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့မှ ကလေးငယ်တစ်ဦးမှာ ခြေထောက်တစ်ဘက် ပြတ်ထွက်သွားကြောင်း သိရသည်။
အသက် (၁၂) နှစ်အရွယ် မောင်ရဲထွန်းမှာ အောက်တိုဘာ ၂၈ ရက်၊ နံနက်ပိုင်းတွင် သူငယ်ချင်းတစ်ဦးနှင့်အတူ ရွာအနီး တောတောင်အနီးသို့ သွားကြစဉ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်ပြတ်သွားခဲ့ခြင်း ဖြစ်သည်။
"ငါးမျှားတံလုပ်မယ်ဆိုပြီးတော့ သူ့သူငယ်ချင်းနဲ့ ဝါးခုတ်ဖို့သွားကြတာ။ အဲဒီမှာ မိုင်းနင်းမိသွားတော့ ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်။ ခြေပြတ်သွားတာဖြစ်လို့ ဒဏ်ရာကတော့ ပြင်းတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့ပြီး မြေမြှုပ်မိုင်းများကို ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
အမ်းမြို့နယ်အတွင်း စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသတွင်း ဆေးဝါးပြတ်လပ်နေ၍ ဒဏ်ရာရရှိသွားသည့် ကလေးငယ်မှာ ဆေးဝါးကုသရန် အခက်အခဲများရှိနေကြောင်း သိရသည်။
" မိုင်းက ဒေသခံတွေအတွက် အကြီးမားဆုံးအန္တရာယ်တစ်ခု ဖြစ်တယ်။ ဘယ်နေရာမှာ ရှိမှန်းမသိ၊ ဘယ်လို ပုံစံမျိုး တည်ရှိမှန်းကိုလည်း မသိနိုင်ဘူး။ နင်းမိသွားရင် ဆုံးပြီး။ အထူးသဖြင့် ဒေသခံတွေ သွားလာ လှုပ်ရှားတဲ့ နေရာတွေမှာ မိုင်းထောင်တာတွေကို ရှုတ်ချတယ်" ဟု လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
စစ်ရေးပြင်းထန်နေသော ရခိုင်မှာ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် အရပ်သား ထိခိုက် သေဆုံးမှု လစဉ်တိုးလာလျက်ရှိပြီး ထိခိုက်နစ်နာသူများမှာ လူမှုဘဝရပ်တည်ရေး စိန်ခေါ်မှုများစွာ ရှိနေကြသည်။
ရခိုင်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၅ ဦး ရှိခဲ့သည်။