- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
AA ထိုးစစ် ဂွမြို့နှင့် အနီးဆုံးသို့ ရောက်လာ
အာရက္ခတပ်တော်က မရပ်မနား ထိုးစစ်ဆင်နေသည့် ဂွတိုက်ပွဲများသည် ယခုအခါ မြို့နှင့် အနီးဆုံး ၁ မိုင်ခန့် အကွာရှိ ရဟိုင်းကူးတို့ ကျေးရွာအနီးသို့ ရောက်ရှိလာပြီးဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရ သည်။
03 Dec 2024
DMG ၊ ဒီဇင်ဘာ ၃
အာရက္ခတပ်တော်က မရပ်မနား ထိုးစစ်ဆင်နေသည့် ဂွတိုက်ပွဲများသည် ယခုအခါ မြို့နှင့် အနီးဆုံး ၁ မိုင်ခန့် အကွာရှိ ရဟိုင်းကူးတို့ ကျေးရွာအနီးသို့ ရောက်ရှိလာပြီးဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရ သည်။
ဩဂုတ်လ ၈ ရက်နေ့ကနေ သံတွဲမြို့နှင့် ဂွမြို့နယ်စပ် ဂွမြို့အပိုင် ဘိုကလေး၊ ချင်းကွင်း စသည့်နေရာများမှာ စတင်ခဲ့သည် ဂွမြို့နယ်တိုက်ပွဲများသည် ကျိန္တလီမြို့ကို သိမ်းပိုက်ပြီးနောက် ယခုအခါ မြို့နှင့် အနီးဆုံးနေရာကို ရောက်ရှိလာနေခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁ ရက်နေ့က ဂွမြို့နယ်၊ အလယ်ချောင်းကျေးရွာအနီးတဝိုက်တွင် တပ်ဆွဲနေထိုင်ခဲ့သည့် စစ်ကောင်စီ တပ်သားများမှာ ဂွမြို့နှင့် ၁ မိုင်ကျော်သာကွာဝေးသည့် ရဟိုင်းကူတို့ကျေးရွာသို့ တပ်ဆုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“အလယ်ချောင်းကနေ တပ်ဆုတ်လာခဲ့တာကြောင့် အဲဒီကျေးရွာအနီမှာရှိတဲ့ ကျောက်ကြီး၊ စည်ပင်၊ ရဟိုင်းကူးတို့ စတဲ့ ကျေးရွာ အနီးနား တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲကတော့ ပြင်းထန်တဲ့ အဆင့်တော့ မဟုတ်သေး ဘူး။ နားလိုက်တိုက်လိုက်ဖြစ်နေတာ” ဟု ဂွ ဒေသခံအမျိုးသား တစ်ဦးကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလထဲတွင် လောင်းကျိုးကျေးရွာရှိ တပ်စခန်းနှင့် ပုဂံတောင်ဘုရားရှိ အမြောက်တပ်စခန်း တို့ကို AA သိမ်းပိုက်ခဲ့သည်။ ယင်နောက်ပိုင်းတွင် ဇီးကုန်းနှင့် တင်းတောကျေးရွာများရှိ တပ်စွဲနေထိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းများကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ကြောင့် သိရသည်။
တိုက်ပွဲ နယ်မြေကျယ်ပြန့်လာခြင်းနှင့် အတူ ဂွမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် လူဦးရေမှာလည်း တနေ့တခြားထပ်တိုးလာကြောင့် စစ်ဘေးရှောင်အရေး ကူညီသူများထံမှ သိရသည်။
မြို့နှင့်ပိုနီးကပ်လာသည့် AA ထိုးစစ်များကြောင့် ဧရာဝတီးတိုင်းရှိ တပ်ရင်းများမှ စစ်ကောင်စီတပ်သားများကို စစ်ကားများဖြင့် ယခုရက်ပိုင်းအတွင်း ဂွမြို့တွင်အင်းအာဖြည့်ကာ ခံစစ်ဆင်နေကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာတော့ ဈေးတွေကို ပိတ်ထားခိုင်းတာ။ မြို့အတွင်း လုံခြုံရေးပိုပြီး တိုးချဲ့ပြီး အင်အား ဖြည့်တာတွေရှိနေတယ်လို့ ကြားရပါတယ်” ဟု ဂွမြို့နယ်က စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယင်းအပြင် ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၅၆၂နှင့် ခမရ ၅၆၃ တပ်ရင်းများတွင် လည်း အင်းအာများတိုချဲ့ဖြည့်ထားသကဲ့သို့ မြို့ပတ်ပတ်လည်ကိုလည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။
ဂွမြို့နယ်သည် ဧရာဝတီတိုင်းနှင့် အဓိက ချိတ်ဆက်ထားသည့် မြို့နယ်ဖြစ်ပြီး အကယ်၍ AA က သိမ်းပိုက်နိုင် ဧရာဝတီတိုင်းအထိ စစ်ကေင်စီတပ်များကို ခြိမ်းခြောက်နိုင်တော့မည်ဖြစ်သည့် စစ်ကောင်စီအတွက် အရေးပါသည့် ဒေသတစ်ခုလည်းဖြစ်သည်။
အာရက္ခတပ်တော် (AA) သည် တိုက်ပွဲကာလ ၁ နှစ်ကျော်အတွင်း ရခိုင်က မြို့ ၁၀ ခုနှင့် ပလက်ဝမြို့ကို သိမ်း ပိုက် ထားသည်။ ယင်းအပြင် အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့နယ်များကိုလည်း သိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်နေပြီးဖြစ်ကြောင်း တိုက်ပွဲတစ်နှစ်ပြည့်တွင် AA ကထုတ်ပြန်ခဲ့သည်။