- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မိန်းကလေးသုံးဦးကို သတ်ဖြတ်ခဲ့သည့် ဆယ်ကျော်သက်ကို စီရင်ချက်ချတော့မည်
ဆယ်စုနှစ်တစ်ခုကြာ ကာလအတွင်း နိုင်ငံ၌ အဆိုးရွားဆုံးသော အဓိကရုဏ်းများ ဖြစ်ပေါ်လာစေသည်အထိ ပြင်းထန်သော လူသတ်မှုကိုကျူးလွန်ခဲ့သည့် ဆယ်ကျော်သက်ကို လာမည့်ကြာသပတေးနေ့၌ ဗြိတိန်တရားသူကြီးတစ်ဦးက စီရင်ချက်ချမှတ်တော့မည်ဖြစ်ကြောင်း AFP က ဖော်ပြထားသည်။
24 Jan 2025
DMG ၊ ဇန်နဝါရီ ၂၄
ဆယ်စုနှစ်တစ်ခုကြာ ကာလအတွင်း နိုင်ငံ၌ အဆိုးရွားဆုံးသော အဓိကရုဏ်းများ ဖြစ်ပေါ်လာစေသည်အထိ ပြင်းထန်သော လူသတ်မှုကိုကျူးလွန်ခဲ့သည့် ဆယ်ကျော်သက်ကို လာမည့်ကြာသပတေးနေ့၌ ဗြိတိန်တရားသူကြီးတစ်ဦးက စီရင်ချက်ချမှတ်တော့မည်ဖြစ်ကြောင်း AFP က ဖော်ပြထားသည်။
အဆိုပါ ရာဇဝတ်ပြစ်မှုကျူးလွန်သူ ဆယ်ကျော်သက်သည် ယမန်နှစ်က မိန်းကလေး ၃ ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် နိုင်ငံတွင်း၌ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးသော အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ရသည်။
အသက် ၁၈ နှစ်အရွယ်ရှိ အေဇဲလ် ရူဒါကူဘာနာသည် အင်္ဂလန်အနောက်မြောက်ပိုင်း ဆောက်ပို့သ်ရှိ တေလာဆွစ်ဖ် အကဟန် သင်တန်းကျောင်းတွင် လူသတ်မှုကျူးလွန်ခဲ့ခြင်းအတွက် ယခုသီတင်းပတ် အစောပိုင်းတွင် ဖြောင့်ချက်ပေးဝန်ခံလိုက်ပြီး ၎င်းကို လူသတ်မှုကျူးလွန်ရန်ကြံစည်မှုနှင့် ဓားကိုင်ဆောင်မှု အပါအဝင် စွဲချက် ၁၀ ခုဖြင့် စွဲချက်တင်ထားသည်။
အေဇဲလ် ရူဒါကူဘာနာက သူသည် ဇီဝလက်နက်အဖြစ် အသုံးပြုနိုင်သည်ဟု နာမည်ကျော်သော ဇီဝအဆိပ် Ricin (Ricin သည် ဇီဝလက်နက်အဖြစ် အသုံးပြုနိုင်စွမ်းရှိပြီး ၎င်းကို ကြက်ဆူစေ့များတွင် အဆိပ်သင့်သော ပရိုတင်းတစ်မျိုးအဖြစ် မြင်တွေ့ရလေ့ရှိသည်) ထုတ်လုပ်ခဲ့ကြောင်းနှင့် အယ်လ်ကေဒါ လေ့ကျင့်ရေးလက်စွဲ စာအုပ်ကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားကြောင်း ဝန်ခံခဲ့သည်။
တရားသူကြီး ဂျူလီယန်ဂူးစ်သည် လူငယ် အေဇဲလ် ရူဒါကူဘာနာက ၎င်းတွင်အပြစ်ရှိကြောင်း တနင်္လာနေ့က ဖြောင့်ချက်ပေးဝန်ခံလိုက်အပြီးတွင် ရုံးတင်စစ်ဆေးမှုများကို ရပ်တန့်လိုက်ပြီး ဆယ်ကျော်သက်လူငယ်ကို လီဗာပူးတော်ဝင်တရားရုံး၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီကစတင်ကာ စီရင်ချက်ချရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
လူငယ် အေဇဲလ် ရူဒါကူဘာနာသည် နှစ်ရှည်ထောင်ဒဏ်ကျခံရဖွယ်ရှိသည်ဟု တရားသူကြီးက သတိပေးထားသည်။
ရူဒါကူဘာနာကို တရားရုံးတော်တွင် အကြိမ်ပေါင်းများစွာ ရုံးထုတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရခြင်းမှာ ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုမရှိသော အပြုအမူကြောင့်ဖြစ်သည်ဟု မှတ်ချက်ပေးထားပြီး တနင်္လာနေ့ကလည်း တရားရုံးတော် တရားခွင်တွင် စကားပြောဆိုရန် ငြင်းဆန်ခြင်း၊ တရားရုံးနှင့် ပူပေါင်းရပ်တည်ဆောင်ရွက်ရန် ငြင်းဆန်ခြင်းများ လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင်မှ စွဲချက်တစ်ခုချင်းစီအတွက် “အပြစ်ရှိကြောင်း” ကို ၎င်းက ပြောခဲ့သည်။
စီရင်ချက်ချမှတ်မည့်နေ့တွင် သေဆုံးသူများ၏ မိသားစုဝင်များလည်း တရားရုံးတော်သို့ ရောက်လာမည်ဟု ယူဆရသည်။
ဆယ်ကျော်သက် ရူဒါကူဘာနာ၏ ယမန်နှစ် ဇူလိုင်လအတွင်းက ကျူးလွန်ခဲ့သော ရမ်းကားသောင်းကျန်းမှုဖြစ်စဉ်မှာ ဗြိတိန်ပြည်သူများကို တုန်လှုပ်သွားစေခဲ့သည်။
ပြစ်မှုကျူးလွန်သူသည် ခိုလှုံခွင့် တောင်းခံထားသော မွတ်ဆလင်တစ်ယောက်ဖြစ်ကြောင်း သတင်းမှားများ ပျံ့နှံ့သွားခဲ့အပြီးတွင် အင်္ဂလိပ်နှင့် မြောက်အိုင်ယာလန် မြို့ကြီးပေါင်း တစ်ဒါဇင်ကျော်၌ ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သော အဓိကရုဏ်းများ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။
ရူဒါကူဘာနာသည် ကာဒစ်ဖ်တွင်နေထိုင်သော ရဝမ်ဒါနွယ်ဖွား မိဘများမှ မွေးဖွားခဲ့သူဖြစ်ပြီး ဆောက်ပို့သ်၏ အရှေ့မြောက်ဘက်ရှိ Banks ကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်သည်။