- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တို့သည် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေနှင့် ဒီဂျစ်တယ်ငွေကြေးစနစ် ခရစ်တိုငွေကြေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၃
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တို့သည် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေနှင့် ဒီဂျစ်တယ်ငွေကြေးစနစ် ခရစ်တိုငွေကြေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်အန်ဝါက ၎င်း၏ ဖေ့စ်ဘုတ်အကောင့်တွင် တနင်္ဂနွေနေ့က ရေးသားဖော်ပြရာ၌ ဆွေးနွေးမှု အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိခဲ့ဘဲ ယခုဆွေးနွေးမှုတွင် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေနှင့် ခရစ်တိုငွေကြေး ဖွံဖြိုးတိုးတက်မှုအကြောင်းတို့သာ ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အကျိုးဖြစ်ထွန်းမှုများစွာ ဖြစ်ပေါ်စေခဲ့သောဆွေးနွေးမှုဟု မစ္စတာအန်ဝါက ခေါ်ဆိုခဲ့သည့် ယခုတွေ့ဆုံမှုကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သည်ဟု ယူဆရသည်။ ယခုဆွေးနွေးမှုကို နောက်ပိုင်းတွင် စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျော့ချ်ယိုလည်း ပူးပေါင်းပါဝင်လာခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် မလေးရှားဝန်ကြီးချုပ်၏ ပုဂ္ဂိုလ်ရေး အကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရပြီး မလေးရှားသည် ယခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။
အာဆီယံသည် ပြီးခဲ့သည့်လက လန်ကာဝီတွင် တွေ့ဆုံဆွေးေaနွးမှုများ စတင်လုပ်ဆောင်ခဲ့ပြီး မြန်မာစစ်အစိုးရကို ဖြစ်ပွားနေသော အခြေအနေဆိုးများနှင့် သဘောထားတင်းမာမှုများကို အဆုံးသတ်ရန်၊ တွေ့ဆုံဆွေးနွေးပွဲများ စတင်ရန် တိုက်တွန်းခဲ့ကာ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး၏ အရေးပါမှုကို အဖွဲ့အစည်းအနေနှင့် ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။
မြန်မာစစ်အစိုးရသည် လေးနှစ်တာကြာမြင့်လာခဲ့ပြီဖြစ်သော အရေးပေါ်ဥပဒေသကို ပြီးခဲ့သည့် သောကြာနေ့က သက်တမ်းထပ်တိုးလိုက်ပြီး ယင်းအခြေအနေက ကာလရှည်ကြာ ကတိပြုထားခဲ့သော အထွေထွေရွေးကောက်ပွဲ အစီအစဉ်ကို နှောင့်နှေးမှုများ ဖြစ်သွားစေခဲ့သည်။