- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ဘန်ကောက်တွင် လွှတ်တော်အမတ်ဟောင်း အသတ်ခံရမှု၌ အစိုးရပတ်သက်ကြောင်းစွပ်စွဲချက် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ငြင်းဆို
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က ၎င်း၏ အစိုးရအဖွဲ့နှင့် ဖခင်ဖြစ်သူ ခေါင်းဆောင်ဟောင်း ဟွန်ဆန်တို့သည် ယခုလလယ်၌ ဘန်ကောက်မြို့လယ်ခေါင်တွင်ဖြစ်ပွားခဲ့သော အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး အသတ်ခံရမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဇန်နဝါရီ ၂၀ ရက် တနင်္လာနေ့တွင် ငြင်းဆိုလိုက်သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Jan 2025

DMG ၊ ဇန်နဝါရီ ၂၂
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က ၎င်း၏ အစိုးရအဖွဲ့နှင့် ဖခင်ဖြစ်သူ ခေါင်းဆောင်ဟောင်း ဟွန်ဆန်တို့သည် ယခုလလယ်၌ ဘန်ကောက်မြို့လယ်ခေါင်တွင်ဖြစ်ပွားခဲ့သော အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး အသတ်ခံရမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဇန်နဝါရီ ၂၀ ရက် တနင်္လာနေ့တွင် ငြင်းဆိုလိုက်သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖျက်သိမ်းခံလိုက်ရသော ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP)၏လွှတ်တော်အမတ်ဟောင်း လင်းမ်ကင်းမ်ယာသည် ဇန်နဝါရီ ၇ ရက်က ၎င်း၏ ပြင်သစ်နိုင်ငံသူ ဇနီးသည်နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံမှနေ၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဘတ်စ်ကားဖြင့် ရောက်ရှိလာစဉ် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးက ပစ်သတ်သွားခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသား အက်ခ်ကာလတ်ခ် ပေနွိုင်းသည် ယခုဖြစ်စဉ်ဖြစ်ခဲ့ပြီး နောက်တစ်နေ့၌ ကမ္ဘောဒီးယားတွင် ဖမ်းဆီးခံလိုက်ရပြီး ဖမ်းဆီးရမိသော အက်ခ်ကာလတ်ခ် ပေနွိုင်းကို ကမ္ဘောဒီးယားက ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကြိုတင်ကြံစည်ထားသော လူသတ်မှုကျူးလွန်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ သေနတ်ပိုင်ဆိုင်ထားခြင်း တို့ကို စုံစမ်းစစ်ဆေးလိုက်ပြီးသည့် နောက်၌ Livestream ပြသသောဗီဒီယိုတွင် ၎င်းက ပြစ်မှုကျူးလွန်သည်ကို ဖြောင့်ချက်ပေးဝန်ခံသွားကြောင်း မြင်တွေ့ရသည်။
ကမ္ဘောဒီးယား၏ ပြည်ပရောက် အတိုက်အခံခေါင်းဆောင် ဆမ်ရိန်းစီက ယခုပစ်ခတ်မှုကို လုပ်ဆောင်ရန် နိုင်ငံ၏ သြဇာတိက္ကမကြီးမားသူ ခေါင်းဆောင်ဟောင်း ဟွမ်ဆန်က အမိန့်ပေးခဲ့သည်ဟု စွပ်စွဲထားသည်။
ဟွမ်မာနက်သည် ယခုသတ်ဖြတ်မှုလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အစိုးရ သို့မဟုတ် ၎င်း၏ဖခင်မှာ ယခုလူသတ်မှုဖြစ်စဉ်၏ နောက်ကွယ်တွင် ရှိမနေကြောင်း ငြင်းဆိုခဲ့သည်။
“ကျွန်တော် မေးချင်တာက အစိုးရဟာ ဘာကြောင့် အခုလို ရူးရူးမိုက်မိုက် လုပ်ရမှာလဲဆိုတာပါပဲ။ တကယ်လို့သာ အစိုးရက ကြိုးကိုင်ထားတယ်ဆိုရင် လူသတ်သမားကို ဘာကြောင့် လက်ရဖမ်းဆီးပြီး စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းနိုင်ငံဆီကို ပို့ရမှာလဲ” ဟု အနောက်ပိုင်းရှိ ပါဆတ်ပြည်နယ်တွင် ကျင်းပခဲ့သော အခမ်းအနား၌ ဟွမ်မာနက်က ပြောကြားခဲ့သည်။
ဟွမ်မာနက်က ၎င်း၏အစိုးရသည် မတရားစွပ်စွဲခံထားရပြီး ဖနွမ်းပင်(ကမ္ဘောဒီးယား)ဘက်ကလည်း လူသတ်မှုဖြစ်ရသည့် အကြောင်းရင်းကို သိရှိလိုကြောင်း၊ ကမ္ဘောဒီးယားအာဏာပိုင်များ ဘက်က ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
အတိုက်အခံအင်အားစုများသည် ၎င်းတို့၏ နိုင်ငံရေး အကျိုးအမြတ်အတွက် ယခုသတ်ဖြတ်မှုကို နိုင်ငံရေးဇာတ်သွင်းနေခြင်းသာ ဖြစ်သည်ဟုလည်း ဟွမ်မာနက်က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။