- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဂါဇာဓားစာခံများ ချက်ချင်းပြန်မလွတ်လျှင် အကြီးအကျယ်ပေးဆပ်ရမည်ဟု ထရမ့်ပြော
ဂါဇာကမ်းမြောင်တွင် ဖမ်းဆီးထားသည့် ဓားစာခံများ မိမိ သမ္မတရာထူး စတင်ထမ်းဆောင်မည့် ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင်မီ မလွတ်လာလျှင် အရှေ့အလယ်ပိုင်းဒေသသည် အကြီးအကျယ် ပေးဆပ်ရလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
03 Dec 2024
DMG ၊ ဒီဇင်ဘာ ၃
ဂါဇာကမ်းမြောင်တွင် ဖမ်းဆီးထားသည့် ဓားစာခံများ မိမိ သမ္မတရာထူး စတင်ထမ်းဆောင်မည့် ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင်မီ မလွတ်လာလျှင် အရှေ့အလယ်ပိုင်းဒေသသည် အကြီးအကျယ် ပေးဆပ်ရလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဟားမတ်စ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များဦးဆောင်ပြီး ၂၀၂၃ ခုနှစ်က အစ္စရေးအပေါ် တိုက်ခိုက်ခဲ့စဉ်က လူပေါင်း ၂၅၀ ထက်မနည်းကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးက ပြုစုထားသည့် အချက်အလက်များအရ သိရသည်။ ၎င်းတို့ထဲတွင် အစ္စရေး-အမေရိကန် ပူးတွဲနိုင်ငံသားများလည်း ပါဝင်သည်။
လက်ရှိတွင် ဂါဇာကမ်းမြောင်၌ ဖမ်းဆီးခံထားရဆဲ ဓားစာခံ ၁၀၁ ဦးရှိပြီး ၎င်းတို့ထဲမှ ထက်ဝက်ခန့်မှာ အသက်ရှင်လျက်ရှိဆဲဟု ယူဆရသည်။
ဓားစာခံများ၏ ကံကြမ္မာနှင့် ပတ်သက်ပြီး ထရမ့်က ဆိုရှယ်မီဒီယာပေါ်တွင် ပြောကြားရာ၌ “အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရာထူးကို ကျွန်တော် ဂုဏ်ယူဝင့်ကြွားစွာ လက်ခံရယူမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ မတိုင်ခင် ဒီဓားစာခံတွေ လွတ်မလာဘူး ဆိုရင်တော့ အရှေ့အလယ်ပိုင်းနဲ့ လူသားအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်မှုမှာ တာဝန်ရှိသူတွေဟာ အကြီးအကျယ် ပေးဆပ်ရလိမ့်မယ်” ဟု သူက ဆိုသည်။
“တာဝန်ရှိတဲ့သူတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းမှာ ဘယ်သူမှ မကြုံဖူးသေးတဲ့ အပြင်းထန်ဆုံး ထိုးနှက်မှုနဲ့ ထိုးနှက်ခံရမယ်” ဟုလည်း ထရမ့်က ပြောကြားသည်။
လက်ကျန် ဓားစာခံများကို ပြန်လွှတ်ပေးရေး ညှိနှိုင်းမှုများ ပြုလုပ်ရာ၌ ဟားမတ်စ်တို့က စစ်ပွဲရပ်ပြီး အစ္စရေးတပ်များ ဂါဇာမှ အပြီးတိုင် ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ ဟားမတ်စ်တို့ အပြီးအစီး ချေမှုန်းခံရပြီး အစ္စရေးအပေါ် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ချိန်အထိ စစ်ပွဲများ ရှိနေမည်ဟု တုံ့ပြန်ပြောဆိုထားသည်။