- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
အခွန်ရှောင်မှု၊ လက်နက်မှုစသည့် စွဲချက်များဖြင့် ကာလရှည်ကြာ တရားစွဲဆိုခံထားရသော သားဖြစ်သူ ဟန်းတားဘိုင်ဒန်ကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းဖြစ်သည်။
02 Dec 2024
DMG ၊ ဒီဇင်ဘာ ၂
မကြာမီ ရာထူးသက်တမ်း ကုန်ဆုံးတော့မည့် သမ္မတဘိုင်ဒန်သည် ကာလရှည်ကြာ တရားရင်ဆိုင်နေရသော ၎င်း၏ သားဖြစ်သူကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အခွန်ရှောင်မှု၊ လက်နက်မှုစသည့် စွဲချက်များဖြင့် ကာလရှည်ကြာ တရားစွဲဆိုခံထားရသော သားဖြစ်သူ ဟန်းတားဘိုင်ဒန်ကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းဖြစ်သည်။
ဘိုင်ဒန်အနေဖြင့် သားဖြစ်သူ၏ အမှုတွင် ဝင်ရောက်စွက်ဖက်မှု မဟုတ်သလို လွတ်ငြိမ်းချမ်းသာခွင့်လည်း ထုတ်ပြန်မည် မဟုတ်ကြောင်း ရှေ့ပိုင်းတွင် အိမ်ဖြူတော်က ထပ်တလဲလဲ ပြောကြားခဲ့သည်။
"ကျွန်တော့်သားဖြစ်သူ ဟန်းတားအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော် ဒီနေ့ လက်မှတ်ထိုး လိုက်ပါတယ်။ ရုံးလုပ်ငန်းတာဝန်တွေ စတင်ထမ်းဆောင်ချိန်တည်းက တရားရေးဌာနရဲ့ ဆုံးဖြတ်ချက်တွေမှာ ဝင်မစွက်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ကျွန်တော့် သားကို တမင်ရွေးချယ်ပြီး မမှန်မကန် စွဲချက်တင်ခဲ့တာတွေကိုလည်း ဒီကတိစကားကို ထိန်းသိမ်းတဲ့အနေနဲ့ ကျွန်တော် ကြည့်နေခဲ့ရပါတယ်" ဟု အိမ်ဖြူတော်မှ ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ချက်တွင် ဘိုင်ဒန်က ပြောကြားထားသည်။
မူးယစ်ဆေး သုံးစွဲခဲ့ပြီးနောက် ပြန်၍ ဆေးဖြတ်နေသူ ဟန်းတားဘိုင်ဒန်သည် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် ရီပါပလစ်ကန်များ၏ ပစ်မှတ် ဖြစ်နေခဲ့သည်။
"ကျိုးကြောင်း ခိုင်လုံစွာ စဉ်းစားတတ်သူ ဘယ်ပုဂ္ဂိုလ်မဆို ဟန်းတားရဲ့ အမှုတွေကို ကြည့်လိုက်ရင် သူဟာ ကျွန်တော့်သားဖြစ်လို့ တမင် ပစ်မှတ်ထားခံထားရတယ်ဆိုတဲ့ ကောက်ချက်အပြင် ဘာမှ မြင်ကြမှာ မဟုတ်ပါဘူး" ဟု ဘိုင်ဒန်က ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဟန်းတားဘိုင်ဒန်အပေါ် စွဲဆိုခဲ့သည့် မည်သည့် အမှုနှင့် ဆက်စပ်အကြောင်းအရာ မဆိုအတွက် "ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်" ပေးလိုက်ကြောင်း ဘိုင်ဒန်က လက်မှတ်ထိုးလိုက်ခြင်းဖြစ်သည်။
ဟန်းတားဘိုင်ဒန်သည် မှားယွင်းထွက်ဆိုချက်များ၊ သေနတ်ကိုင်ဆောင်မှု စွဲချက်များအတွက် ယခုလအတွင်း ပြစ်ဒဏ်ကျခံခဲ့ရသည်။
ပြီးခဲ့သော စက်တင်ဘာလတွင် သူသည် အခွန် ဒေါ်လာ ၁.၄ သန်း မဆောင်ဘဲ ရှောင်တိမ်းကာ မူးယစ်ဆေးဝါး၊ လိင်ဖျော်ဖြေမှု၊ တန်ဖိုးကြီးပစ္စည်း အစရှိသည်တို့အတွက် သုံးစွဲခဲ့မှုအတွက် အပြစ်ရှိကြောင်း ထွက်ဆိုခဲ့သည်။ ၎င်းအမှုအတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အပြီးသတ်အမိန့် ချမှတ်ရန် သတ်မှတ်ထားခဲ့သည်။