- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မိသားစုဝင်များ ရွှေ့ပြောင်း
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ပြည်နယ်စစ်ကောင်စီ၏ မိသားစုဝင်များကို လေကြောင်းမှတစ်ဆင့် ရန်ကုန်နှင့် ပြည်မဘက်သို့ ရွှေ့ပြောင်းမှုရှိနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
11 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ပြည်နယ်စစ်ကောင်စီ၏ မိသားစုဝင်များကို လေကြောင်းမှတစ်ဆင့် ရန်ကုန်နှင့် ပြည်မဘက်သို့ ရွှေ့ပြောင်းမှုရှိနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
"အထူးသဖြင့် သူတို့ရဲ့မိသားစုဝင်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းကြတာ။ ဝန်ထမ်းတွေကတော့ ရွှေ့ပြောင်းလို့မရဘူး။ သူတို့ကို စစ်တပ်က စစ်တွေမှာပဲနေရမယ်ဆိုပြီး အမိန့်ထုတ်ထားတာ။ တချို့ဌာနက ဝန်ထမ်းတွေဆိုရင်လည်း ရုံးမတက်တော့ဘဲ သွားကြတာရှိကြတယ်။ အသက်ထက်အရေးကြီးတာ မရှိဘူးဆိုပြီးတော့ အလုပ်ထွက်ကြတဲ့သဘောပေါ့" ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်တွေမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နောက်ပိုင်းမှစ၍ လက်နက်သံများ ငြိမ်သက်သွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၃ ရက်မှစ၍ ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာသည်။
ဖေဖော်ဝါရီလ ၇ ရက်တွင် အမှတ် (၁၂) ရဲတပ်ရင်း၊ ပွိုင့်ကမ်းခြေအနီးရှိ ရေတပ်၊ ရွှေမင်းဂံရေတပ်၊ ပါဒလိတ်အခြေစိုက် တပ်ရင်းများနှင့် အမြင့်ကျွန်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်(AA)က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ အတွဲလိုက်ဒုံးများနှင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
ဖေဖော်ဝါရီ ၇ ရက်မှစ၍ ၉ ရက်နေ့အထိ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပြီး အာရက္ခတပ်တော် (AA)က ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်းအနီး၊ ရွှေမင်းဂံရေတပ်နှင့် ပွိုင့်ကမ်းခြေအနီးရှိ ရေတပ်စခန်းအနီးတို့မှာ ကျရောက်ပေါက်ကွဲမှုများရှိကြောင်း မြို့ခံများထံမှသိရသည်။
လက်ရှိ စစ်တွေမြို့နယ်အတွင်း ပစ်ခတ်သံများရပ်တန့်နေပြီး စစ်ကောင်စီက မြို့အဝင်/ထွက်များကို ပိတ်ဆို့ကာ စစ်ကောင်စီတပ်ရင်းအနီး လမ်းကြောင်းများကို သွားလာခွင့်ကန့်သတ်ထားကြောင်း သိရသည်။
"လက်ရှိမှာ စစ်ကောင်စီက မြို့ပြင်ကိုထွက်တဲ့ ကုန်းလမ်း၊ ရေလမ်းအကုန်လုံးကို သွားလာခွင့် ပိတ်ဆို့ထားတယ်။ အမှတ်(၁၂) ရဲတပ်ရင်းဘက် မြို့ပတ်လမ်းကိုလည်း ပိတ်ထားတယ်" ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
ရခိုင်မြောက်ပိုင်းတွင် စစ်တွေမြို့တစ်ခုတည်းသာ ကျန်ရှိတော့ပြီး အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့ ဖြတ်တောက်ထားသည်မှာ လအတော်ကြာမြင့်လာခဲ့ပြီဖြစ်သည်။
စစ်ကောင်စီသည် AA ထိုးစစ်ဆင်လာမည်ကိုစိုးရိမ်၍ ရေတပ်အင်အားကို အပြည့်အဝ တိုးချဲ့ချထားပြီး မြို့ဝင်လမ်းတလျှောက် ဂိတ်၊ စခန်းများကို အင်အားဖြည့်ကာ ကြည်း၊ ရေ၊ လေ ခုခံရန်ပြင်ဆင်နေကြောင်း သိရသည်။