- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
VPN ကို အကြောင်းပြုပြီး ထောင်ဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို စစ်ကောင်စီပြဌာန်း
ဆိုက်ဘာနည်းပညာကိုသုံးပြီး ငွေကြေးလိမ်လည်ခြင်းနှင့် တစ်ခြားသူတစ်ဦးဦးမှ ပြုလုပ်ရန် ခိုင်းစေခြင်းများ လုပ်ဆောင်ရွက်ပါက အနည်းဆုံးထောင်ဒဏ် ၃ နှစ်နှင့် အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
02 Jan 2025
DMG ၊ ဇန်နဝါရီ ၂
မြန်မာနိုင်ငံမှာ အီလက်ထရောနစ် နည်းပညာများအသုံးပြီး ခွင့်ပြုချက်မရှိ VPN ထူထောင်ခြင်း၊ အွန်လိုင်းလောင်း ကစားများထူထောင်ခြင်းနှင့် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်သူများအတွက် ငွေဒဏ်နှင့် ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၁ ရက်မှာ ပြဌာန်းလိုက်သည်။
ဆိုက်ဘာနည်းပညာကိုသုံးပြီး ငွေကြေးလိမ်လည်ခြင်းနှင့် တစ်ခြားသူတစ်ဦးဦးမှ ပြုလုပ်ရန် ခိုင်းစေခြင်းများ လုပ်ဆောင်ရွက်ပါက အနည်းဆုံးထောင်ဒဏ် ၃ နှစ်နှင့် အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ဆိုက်ဘာအရင်းအမြစ်၊ အရေးကြီးသတင်းအချက်အလက်များ၊ အီလက်ထရောနစ်လုံခြုံစိတ်ချမှု၊ ဆိုက်ဘာ လုံခြုံ ရေးခြိမ်းခြောက်ခံရမှု၊ အီလက်ထရောနစ် နည်းပညာအသုံးပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့်အတွက် ဆိုက်ဘာမှုခင်းများကို ထိရောက်စွာစုံစမ်းဖော်ထုတ်ရန် ပြဌာန်းလိုက်ခြင်းဖြစ် ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင်တွေ့ရသည်။
ထိုသို့ VPN ကို ထိန်းချုပ်ရန်ကြိုးစားခြင်းမှာ စစ်ကောင်စီက ၎င်းတို့၏ လူ့အခွင့်ရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ မတရားမှုများကို သတင်းအမှောင်ချရန် ကြိုးစားလုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူများက ဝေဖန်နေကြသည်။
“စစ်အာဏာသိမ်းကတည်းက ကျမတို့ မြန်မာနိုင်ငံမှာ VPN ခံပြီးတော့ Facebook တွေ သုံးရတာ။ အခုတဖန် လည်း စကစက Social Media ကို ထိန်းချုပ်ဖို့လုပ်ဆောင်လာတယ်ပေါ့နော်။ ဒါကို တိုက်ရိုက်မပြောဘဲ သူတို့က ငွေကြေး လိမ်လည်တာတွေ၊ တခြားလုံခြုံရေး ချိုးဖောက်ခံရတာတွေကို အကြောင်းပြပြီးတော့ ဥပဒေ ပြဌာန်း တယ်။ ဒါပေမဲ့ ကျမတို့ မြင်တာကတော့ သူတို့ရဲ့ မတရားမှုတွေကို social ကနေ တဖန် ထိန်းချုပ်ဖို့လုပ် လာတာလို့ထင်တယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုပြဌာန်းလိုက်သည့် ဥပဒေတွင် မည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ တရားမဝင် VPN ထူထောင်သူများကို ထောင်ဒဏ်အများဆုံး ၆ လနှင့် ငွေကျပ်သိန်း ၁၀ ကနေ သိန်း ၁၀၀ အထိ ချမှတ်နိုင်သည့်အပြင် ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ကြောင်းပါရှိသည်။
သုံးစွဲသူများကိုလည်း ထောင်ဒဏ်တစ်လကနေ သုံးလအထိဖြစ်စေ၊ ငွေဒဏ်အဖြစ် ၁၀ သိန်းကနေ သိန်း ၁၀၀ မပိုသည့် ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်မည်ဖြစ်သည်။
ထို့အပြင် အများပြည်သူများ ကြည့်ရှုရန် မသင့်တော်သည့်သတင်းအချက်အလက်များကို ဖြန့်ဝေခြင်း၊ ပေးပို့ခြ င်း၊ ကူးယူခြင်း၊ ရောင်းချခြင်းတို့အတွက် ထောင်ဒဏ်တစ်လမှ ခြောက်လ၊ ဒဏ်ငွေအနည်းဆုံး ကျပ် ၁၀ သိန်း က နေ သိန်း ၁၀၀ အထိ ချမှတ်နိုင်သည့် အပြင် ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်နိုင်ကြောင်း ဖော်ပြထား သည်။
ရန်ကုန်မြို့ခံ မဝေဝေက “တရားမဝင် VPN ဆိုတာ Free သုံးနေရဘာကို ပြောတာလားပေါ့နော်။ ကျမတို့က အာဏာသိမ်းကတည်းက social media ကိုတောင် လွတ်လပ်စွာ သုံးခွင့်မရှိခဲ့ဘူး။ အခုလည်း ဟိုကို အကြောင်းပြ၊ ဒီကို အကြောင်းပြနဲ့ တရားမဝင်ဆိုတာဘာကို ပြောတာလဲလို့မေးချင်တယ်။ ပြီးတော့ မသင့်တော်တဲ့ သတင်းအချက် အလက်ဆိုတာလဲ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောချင်တာ လား။ အဲလိုပဲ မေးခွန်းထုတ်ချင်တယ်” ဟု ပြောသည်။
လက်ရှိမှာလည်း စစ်ကောင်စီသည် VPN ချိတ်ဆက်ပြီး Facebook အသုံးပြုနေသူများကို လိုက်လံဖမ်းဆီးကာ အ ရေးယူဆောင်ရွက်လျက်ရှိနေသည်။
ရန်ကုန်မြို့ခံ နောက်ထပ် အမျိုးသမီးတစ်ဦးက “ စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းကို စစ်ဆေးရင်း VPN တွေကို အဓိက စစ်ပါတယ်။ တခါတခါ အပြင်သွားတဲ့အခါ ဖုန်းကိုယူသွားရင် VPN ဖြုတ်ပီးတော့ သွားရပါတယ် ” ဟု ပြောသည်။
ဒီဂျစ်တယ် ပလက်ဖောင်း ဝန်ဆောင်မှု လုပ်သူတိုင်း လိုင်စင်လျှောက်ထားရမှာဖြစ်ပြီး အမုန်းတရား၊ မမှန်သတင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးတာ၊ စီးပွားရေး ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း၊ အကြမ်းဖက် အားပေးကူညီမှုများအတွက် သတင်းအချက်အလက်ဆိုက်ဘာ အရင်းအမြစ်သိအောင် စီမံလုပ်ဆောင်ရမည်ဟုလည်း ဥပဒေက ဖော်ပြထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း Facebook မှတဆင့် သတင်းမှားများနှင့် လှုံ့ဆော်နေ သည်ဟုဆိုကာ ပြည်သူအသုံးများသည့် ဖုန်းကွန်ရက်နှင့် VPN စနစ် အသုံးပြု ခွင့်ကို ခွင့်ပြုချက်မပါဘဲ သုံးပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့်ဆိုက်ဘာလုံခြုံရေးကို ချမှတ်ခဲ့ပြီးနောက် အခုတဖန် ထပ်မံကန့်သတ်လာခြင်း ဖြစ်သည်။