- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စစ်ကောင်စီ လက်ချက်ကြောင့် ကလေးသူငယ်သေဆုံးသူ ၇၃၀ ကျော်တိုးလာ
အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီလက်ချက်ကြောင့် ကလေးသူငယ် သေဆုံးသူ ၇၃၄ ဦး အထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ ၁ ရက်ထုတ် လစဉ် အချက်အလက်စာစောင်က ဖော်ပြသည်။
01 Mar 2025

DMG ၊ မတ် ၁
အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီလက်ချက်ကြောင့် ကလေးသူငယ် သေဆုံးသူ ၇၃၄ ဦး အထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ ၁ ရက်ထုတ် လစဉ် အချက်အလက်စာစောင်က ဖော်ပြသည်။
နိုင်ငံတဝန်း သေဆုံးသူ ၆,၃၆၄ ဦးထဲကနေ ကလေးသူငယ် ၇၀၀ ကျော်ပါဝင်နေခြင်းဖြစ်သည်။ ယင်းအပြင် အမျိုးသမီး သေဆုံးသူ ၁၄၆၀ ဦးထိ ပါဝင်နေသည်။ ရာခိုင်နှုန်းအားဖြင့် ကလေးသူငယ်သေဆုံးမှု ၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် အမျိုးသမီး သေဆုံးသူ ၂၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိနေသည်။
စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးမှုများထဲတွင် စစ်ကိုင်းတိုင်းအတွင်း အများဆုံးဖြစ်ပြီး မန္တလေး၊ မကွေး၊ ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ ရှမ်း၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကယား၊ ဧရာဝတီနှင့် နေပြည်တော်တို့ အစဉ်လိုက်ရပ်တည်နေကြောင်း AAPP က ဆိုထားသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းလုံးတွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရသူ ၂၈,၇၁၂ ဦးထိရှိပြီး အသက်မပြည့် သေးသည့် ကလေးသူငယ် ၅၉၇ ဦး နှင့် အမျိုးသမီး ၅၉၆၁ ဦး ပါဝင်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက ကလေးသူငယ် ၂၃၀ ဦး ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း AAPP ၏ စာစောင်တွင် ဖော်ပြထားသည်။
နိုင်ငံတဝန်း စစ်မျက်နှာအများအပြား ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အရပ်သားများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့်အပြင် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူရန် လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုနေကြသည်။