AA စစ်ဦးစီးချုပ် မိသားစုဝင်များ ဖမ်းဆီးခံရမှုအပေါ် အမြင်များ

ခိုင်ရိုးလ 11 Dec 2019

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူ၊ သမီး မစောပြည့်သျှင်(အသက် ၁၁ နှစ်)နှင့် သား မြတ်လင်းဇံ(အသက် ၁ နှစ်ကျော်)တို့ကို ဒီဇင်ဘာလ (၄)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ၎င်းတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနချုပ်ရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ AA စစ်ဦးစီးချုပ်၏ မိသားစုဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဒေါ်နှင်းဇာဖြူ၏ ဖခင်ဖြစ်သူ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ၏ အမြင်များကို DMG က ဖော်ပြလိုက်ပါသည်။

ငွေကြေးမတတ်နိုင်သူတွေအတွက် ရည်ရွယ်ဖွင့်လှစ်မယ့် စစ်တွေမြို့က ကျောက်ကပ်သွေးသန့်စင်ဌာန

ကျော်သူဋ္ဌေး 26 Sep 2019

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာရှိတဲ့ ရွှေကရုဏာ စေတနာဆေးခန်းမှာ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ကျောက်ကပ်သွေးသန့်စင်ဌာနတစ်ခုကို လာမယ့် နိုဝင်ဘာလမှာ ဖွင့်လှစ်သွားဖို့ရှိနေတာနဲ့ ပတ်သက်ပြီး DMG က မေးမြန်းထားတာ ဖြစ်ပါတယ်။

"ရွာသားနဲ့ သောင်းကျန်းသူတွေက ခွဲလို့မရဘူး" လို့ဆိုလိုက်တဲ့ ဗိုလ်မှူးကြီးမင်းသန်း

ခိုင်ရိုးလ 21 Sep 2019

"အေအေဆိုတဲ့ အဖွဲ့တွေက ရွာတွေမှာနေပြီးတော့ အရပ်ဝတ်တွေနဲ့နေတယ်။ ရွာသားတွေနဲ့ရောနေတယ်။ အဲ့တော့ ဒီအချက်အလက်တွေက ဘာလဲဆိုတော့ ရွာသားနဲ့သောင်းကျန်းသူတွေက ခွဲလို့မရဘူး။ ဒီလိုအခြေအနေမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးတော့ သွားမယ်ဆိုလို့ရှိရင်လည်း သေချာအမှန်မရနိုင်ဘူး။ "

ဒီမိုကရေစီတိုက်ပွဲကို အခုမှစပြီး ဝင်ရမယ့်အခြေအနေဖြစ်နေတယ်

18 Sep 2019

စက်တင်ဘာလ ၁၅ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ရခိုင်လူငယ်တွေဦးဆောင်ပြီး “လူငယ်နှင့်ဒီမိုကရေစီ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ကိုတိုးတိုးအောင်က ရခိုင်ပြည်နယ်က ပြည်သူတွေဟာ ဒီမိုကရေစီတိုက်ပွဲကို အခုမှစပြီး ဝင်ရမယ့်အခြေအနေဖြစ်နေတယ်လို့ DMG နဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားပါတယ်။

အာမခံဖြင့်ပြန်လွှတ်လာသည့် အမြင့်ကျွန်းရွာသား ကိုဇော်မြင့်လွင်နှင့် ဆက်သွယ်မေးမြန်းခြင်း

02 Aug 2019

စစ်တွေမြို့နယ် မင်းချောင်းတံတားပေါ်တွင် သြဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဆိုင်ကယ်စီးနင်းလာသူ အမြင့်ကျွန်းကျေးရွာသားနှစ်ဦးအား တပ်မတော်မှ တားဆီးစစ်ဆေးရာတွင် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။ ပစ်ခတ်တားဆီးမှုကြောင့် ကိုချစ်သူအောင်(၂၆ နှစ်)မှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကိုဇော်မြင့်လွင်(၂၇ နှစ်)မှာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရာမှ အာမခံကြေး သိန်း ၃၀ ဖြင့် ယနေ့လွှတ်မြောက်လာခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူ အမြင့်ကျွန်းကျေးရွာသား  ကိုဇော်မြင့်လွင်ကို မနေ့ကဖြစ်စဉ်နှင့် ပတ်သက်ပြီး DMG က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

ANP နှင့်ပတ်သက်ပြီး ANREN ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်နှင့် မေးမြန်းခြင်း

26 Jun 2019

ရခိုင်အမျိုးသားပါတီ (ANP) ၏ ဒုတိယအကြိမ် ညီလာခံကို ပြီးခဲ့သည့် မေလကုန်ပိုင်းက ပြုလုပ်ခဲ့သည်။ ထိုညီလာခံတွင် ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး မူဝါဒရေးရာ ကိစ္စရပ်များကို ဆုံးဖြတ်ရမည့် အမြင့်ဆုံးအဖွဲ့ ဖြစ်လာသည်။ ထိုကော်မတီကို ဖွဲ့စည်းလိုက်ခြင်းအပေါ် အမြင်များနှင့် ဒေါက်တာအေးမောင်အလွန် ကာလများတွင် မည်သို့ကျော်ဖြတ်သွားသင့်သလဲ၊ လက်ရှိပါတီအပေါ် အမြင်သဘောထားထားကို ရခိုင့်သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်ကို Development Media Group မှ ဖဒူ ထွန်းအောင်က ဆက်သွယ်မေးမြန်းထားသည်။

ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့်အပေါ် ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံ၏ သဘောထားအမြင်

သက်နိုင် 25 Mar 2019

အရင်အစိုးကတော့ အစိုးရကို ဝေဖန်ထောက်ပြရုံလောက်နဲ့တော့  အဲလောက်ထိ မဖြစ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဦးတည်ပြီးတော့ လုပ်ရင်တော့ သူတို့ ထိရောက်စွာ အရေးယူတယ်။ သူတို့နဲ့သက်ဆိုင်တဲ့ ဌာနတွေပေါ့။ ဥပမာ - တပ်မတော်ကို၊ ဒါမှမဟုတ် သမ္မတကိုပြောဆိုတဲ့ အသုံးအနှုန်းတွေ။ အဲဒီအပေါ်မှာ ပြီးတော့ အစိုးရတစ်ရပ်လုံးကို သိမ်းကျုံးပြီးတော့ ဝေဖန်တဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အမှားနဲ့မကင်းဖြစ်နေတဲ့  အစိုးရဆိုတော့ခါ အဲဒီအပေါ်မှာတော့ ဥပက္ခာပြုပြီးတော့ စားနေမြဲစား၊ လုပ်နေမြဲ လုပ်သွား ကြတာတွေရှိတယ်။

ဒေါက်တာအေးမောင်တို့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရမှုအပေါ် ဒေါက်တာညိုညိုသင်း၏ သဘောထားအမြင်

သက်နိုင် 23 Mar 2019

“အထူးသဖြင့် ဗမာခေါင်းဆောင် ပေါ့။ ရခိုင်တိုင်းရင်းသားတစ်ယောက်ကို အရေးယူတာလို့ တရားစွဲတာလို့ ထောင်ချတယ်ဆိုတာက စဉ်းစဉ်းစားစားလုပ်ရမယ့် အလုပ်လည်း ဖြစ်တယ်။ နိုင်ငံရေးမှာ အာဏာရှိတဲ့သူက ပိုပြီး ခွင့်လွှတ်မှု သည်းခံမှုတွေကို ပြရမယ်။ အဲဒီလို အားရှိတဲ့ သူက သည်းခံမှုတွေ ခွင့်လွှတ်မှုတွေကို မပြဘူးဆိုရင် ဒီနိုင်ငံက ဘယ်တော့မှ ငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်လာမှာမဟုတ်ဘူး”

ဒေါက်တာအေးမောင်တို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်၏ အမြင်

သက်နိုင် 22 Mar 2019

“ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ဗမာပြည်မမှာ ရှိတဲ့ ဗမာတိုင်းရင်းတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်း အတူ သူတို့လိုချင်တဲ့ ပုံစံအတိုင်း တရားမျှတမှုကို လိုလားတဲ့ အင်အားစုတွေ ရှိတယ်။ စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဗမာတိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘူး။ ကျွန်တော်တို့ကလည်း စစ်တပ်က ကျွန်တော် တို့ကို ကိုယ်စားပြုတယ်လို့ လက်ခံမထားဘူး”

ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့အပေါ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့်အပေါ် တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ စာရေးဆရာမောင်မောင်စိုး၏ သဘောထားအမြင်

သက်နိုင် 21 Mar 2019

“ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင်တော့ ၁၂၂ ပေါ့ဗျာ။ နိုင်ငံတော်ပုန်ကန်မှုနဲ့ တင်တဲ့ မှုပုဒ်မ ကတော့ ပြင်းထန်လွန်းတယ် ထင်ပါတယ်။ ၅၀၅ နိုင်ငံတော် အကြည်ညိုပျက်စေမှုလောက်ဆိုရင်တော့ မများလောက်ဘူးထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်း သားပေါ်ထွက်လာတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး”

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

21 Mar 2019

         အခုတော့ ကျွန်တော်တို့က ရဲလုပ်ငန်းထက် လုံခြုံရေးပိုင်းကို အဓိကထားလုပ်ရတဲ့ နေရာဖြစ်တဲ့အတွက် ရဲလုပ်ငန်းတွေ အားနည်းသွားတယ်။ တချို့နေရာတွေမှာ အခုဆိုရင် ညဘက်အမှုလာတိုင်ရင်တောင် ကျွန်တော်တို့ သွားဖို့ဆိုတာ တော်တော်စဉ်းစားရမယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဘုန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

11 Mar 2019

"တပ်မတော်လုပ်နေတာတွေက သူ့ဘက်က ထွက်ပေါက်တစ်ခုအနေနဲ့ အဖြေရှာတဲ့ သဘောဖြစ်နေတယ်။ တကယ်စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူထုရဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းဖို့မဟုတ်ဘူးလို့ မြင်တယ်"

ရခိုင်တေးသံရှင် ရီလှိုင်းပြာနှင့် တွေ့ဆုံမေးမြန်းခြင်း

သက်နိုင် 10 Mar 2019

ကျွန်မရဲ့ခံယူချက်က ကျွန်မတို့ဟာ ပရိသတ်တွေ လက်ခံမှသာလျှင် အနုပညာအလုပ်ကို လုပ်ရမယ်။ ကျွန်မကို ပရိသတ်တွေ လက်မခံဘူးဆိုရင် ဒီနေ့ပဲ အနုပညာလောကထဲကနေ ထွက်သွားမှာပါ။

စာဖြေသံဃာတော်များ စစ်ဆေးခံနေရသည့်ကိစ္စ ရက္ခပူရသာသနာ့လင်္ကာရအသင်းနှင့် အင်တာဗျူး

မင်းထွန်း 16 Feb 2019

ရခိုင်မှာ သာမဏေကျော်စာမေးပွဲဖြေဆိုပြီးတော့ နေရပ်ပြန်ကြတဲ့ သံဃာတော်တွေ စစ်ဆေးခံနေရတာနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေကို ရက္ခပူရသာသနာ့လင်္ကာရအသင်းရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးတင်ငြိမ်းဦးကို DMG သတင်းထောက် မင်းထွန်းက သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

ရက္ခိုင့်တပ်မတော်(AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ နှင့် ဆက်သွယ်မေးမြန်းခြင်း

ဖဒူ ထွန်းအောင် 08 Jan 2019

နောက်ပြီးတော့ သူ(မြန်မာ့တပ်မတော်)တို့ပြောတယ်။ တစ်ဖက်နဲ့တစ်ဖက် အင်အားသုံးပြီးတော့ မဖြေရှင်းရဆိုပြီးတော့ ပြောတယ်။ အခု အင်အားသုံးပြီး ဖြေရှင်းနေတာက မြန်မာနိုင်ငံတစ်ခုလုံးမှာဆိုရင် ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်) ကပဲ အင်အားသုံးပြီး ဖြေရှင်းနေတာ။ သူတို့က ထပ်ပြီးတော့ ဆရာကြီးလေသံနဲ့ပေါ့၊ ပြောမယ်ဆိုရင်။ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ အင်အားသုံးပြီး မဖြေရှင်းရဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာမှာ ဗမာ့စစ်တပ်(မြန်မာ့တပ်မတော်)လည်း လက်နက်ကိုင်အဖွဲ့အစည်းပဲ။

သံဇစ်မြစ်ရေညစ်ညမ်းမှုနဲ့ ဒေသခံရေလုပ်သားတို့အခြေအနေ

01 Sep 2018

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြဒေးကျွန်းမြစ်ရေပြင်မှာ ညစ်ညမ်းနေတဲ့ရေတွေ တွေ့ရှိခဲ့ ရတဲ့အတွက် ဒေသခံရေလုပ်သားတွေဟာ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။

ရခိုင်လူငယ်တွေအတွက် လူမှုရေးသိပ္ပံဒီပလိုမာသင်တန်းကျောင်း (အင်တာဗျူး)

31 Jul 2018

လူမှုရေးသိပ္ပံဘာသာရပ် (Akyab Institute of Social Studies) AISS ဒီပလိုမာသင်တန်းကျောင်းကို ရခိုင်ပြည်နယ်မှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ အဲဒီသင်တန်းကို ၂၀၁၇ ခုနှစ်က စစ်တွေမြို့ မိဇံရပ်ကွက်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခု ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က သင်တန်းအပါတ်စဉ် (၂)ကို ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းကာလကတော့ တစ်နှစ်ကြာမြင့်မှာဖြစ်ပြီး လူငယ်တွေအများဆုံးကြုံတွေ့နေရတဲ့ အလုပ်အကိုင် ရှားပါးမှုပြဿနာကနေရုန်းထွက်နိုင်ဖို့အတွက် တစ်ဖက်တစ်လှမ်းကဖဲမကူညီတဲ့အနေနဲ့ လူမှုရေးသိပ္ပံ ဘာသာရပ်ကို သင်ကြားပို့ချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လူမှုရေးသိပ္ပံဒီပလိုမာသင်တန်းအခြေအနေအပါအဝင် လက်ရှိရခိုင်ပြည်နယ်အတွင်းကလူငယ်တွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ လူမှုရေးသိပ္ပံဒီပလိုမာသင်တန်းကျောင်းရဲ့ အမှုဆောင် ဒါရိုက်တာ ကိုကျော်ဆန်းလှိုင်ကို Development Media Group က တွေ့ဆုံမေးမြန်းထားပါတယ်။

တောင်ဖြူဆည်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေ (အင်တာဗျူး)

30 Jul 2018

မိုးရာသီအပန်းဖြေရန် မြောက်ဦးမြို့ရှိ တောင်ဖြူဆည်သို့ ရေကစားရန် လာရောက်သူများပြားနေပြီး စားဖတ်သောက်ဖတ်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများရှိနေသည်။ သောက်စားမူးယစ်မှုများကြောင့် ရန်ပွဲများ မကြာခဏဖြစ်ကြကြောင်းသိရသည်။ အဆိုပါဆည်ကို လာရောက်သူများအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ရန်ပွဲဖြစ်ခြင်းနှင့် ဆည်၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးရန် လူငယ်တစ်ဦးက တိုက်တွန်းထားသည်။

သတင်း - ချမ်းအေး၊ DMG

ချောင်းတူကျေးရွာမှ လယ်ယာမြေပြဿနာ ဘယ်လိုအဖြေရှာမလဲ

23 Jul 2018

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှာ မြေယာအငြင်းပွားမှုဖြစ်ရာကနေ တစ်ရွာတည်းနေသူတွေ အချင်းချင်း တုတ်၊ ဓါးဆွဲကိုင်သည်အထိ ဖြစ်လာနေပါတယ်။ မနေ့က ဇူလိုင်လ ၂၂ ရက်နေ့မှာဆိုရင် အဲဒီမြေယာကိစ္စနဲ့ ရွာသားအချင်းချင်း ရိုက်ပုတ်သတ်ဖြတ်သည် အထိ ရှိလာတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ် လူစုခွဲခဲ့ရပါတယ်။ ချောင်းတူကျေးရွာမှာဖြစ်ပွားနေတဲ့ မြေယာအငြင်းပွားမှုမှာ အောက်ခြေအဆင့် သက်ဆိုင်ရာဌာနတွေရဲ့ အကတိလိုက်စားမှုတွေရှိတဲ့အတွက် ထိရောက်တဲ့ဖြေရှင်းပေးမှုတွေမရှိဘူးလို့လည်း ကျေးရွာသားတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြပါတယ်။ ဒီအငြင်းပွားမှုကို အစိုးရအနေနဲ့ ထိရောက်တဲ့ကိုင်တွယ်ဖြေရှင်းမှုတွေလုပ်ဆောင်ဖို့ အချိန်ကြန့်ကြာနေမယ် ဆိုရင် အခုထက်ဆိုးဝါးတဲ့ပြဿနာတွေ ကြုံတွေ့လာနိုင်တဲ့အတွက် ကျေးရွာသားတွေက စိုးရိမ်မှုတွေရှိကြ ပါတယ်။ ချောင်းတူကျေးရွာရဲ့ လယ်ယာမြေအငြင်းပွားမှုနဲ့ လက်ရှိပြဿနာဖြစ်ပွားမှုအခြေအနေတွေကို အဲဒီကျေးရွာမှာ ရောက်ရှိနေတဲ့ တောင်သူလယ်သမားဥပဒေအထောက်အကူပြုကွန်ယက်ရဲ့ စီမံကိန်းမန်နေဂျာ ဦးကျော်ထွီးကို Development Media Group သတင်းထောက် နေဝင်းစံက မေးမြန်းထားမှုကို တင်ဆက်ပေးလိုက်ရပါတယ်။

ရခိုင်တွေ အိမ်ပြန်လာနိုင်မယ်ဆိုတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်အကြောင်း

18 Jul 2018

ပြည်တွင်း၊ ပြည်ပသို့ သွားရောက် အလုပ်လုပ်နေရတဲ့ ရခိုင်တိုင်းရင်းသားတွေ ပြန်လာနိုင်ဖို့၊ မိမိဒေသမှာ မိသားစုနဲ့ အတူတူ နေထိုင်ပြီး အလုပ်လုပ်နိုင်ဖို့၊ ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အကျိုးရှိတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ပြုလုပ်နိုင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံကြိုဆိုပွဲ ပြုလုပ်နေတဲ့ ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးငြိမ်းချမ်းမောင်နဲ့ DMG တို့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေးမြန်းသူ - နေရောင်မင်း (စစ်တွေ)

Showing 141-160 of 190 items.