ကျောက်တုံးမြို့တော်မှ အမွေအနှစ်ကျောက်ဆစ်လက်ရာ
01 Dec 2021
ဦးလှကြီး၏ နေအိမ်ခြံဝင်းထဲသို့ဝင်လိုက်သည်နှင့် ကျောက်ဆစ်လက်ရာ၏ အငွေ့အသက်များကို ခံစားမိစေသည်။ ၎င်း၏နေအိမ်ခြံဝင်းအတွင်းတွင် ကျောက်သားများပေါ်၌ထုဆစ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံများ၊ နတ်ရုပ်၊ နတ်ဘီလူးရုပ်၊ ဗျာလ္လရုပ်၊ ရှေးခတ်ဝတ်စားဆင်ယင်မှုပုံစံများ စသည့်ကျောက်ဆစ်လက်ရာကြီးငယ်တို့ အစီအရီရှိနေကြသည်။