- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထိန်းချုပ်နယ်မြေများတွင် တရားရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို လုပ်နေကြောင်း ချင်းညီနောင်ပြော
ချင်းညီနောင်တပ်ဖွဲ့(Chin Brotherhood များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် မြို့နယ်၊ ဒေသ၊ အုပ်ချုပ် ရေးအဖွဲ့များဖြင့် တရား စီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး များအပြင် အခြား ပြည်သူ့ဝန်ဆောင်မှုများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်သည်။
30 Dec 2024
DMG ၊ ဒီဇင်ဘာ ၃၀
ချင်းညီနောင်တပ်ဖွဲ့(Chin Brotherhood များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် မြို့နယ်၊ ဒေသ၊ အုပ်ချုပ် ရေးအဖွဲ့များဖြင့် တရား စီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး များအပြင် အခြား ပြည်သူ့ဝန်ဆောင်မှုများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်သည်။
ယနေ့ (ဒီဇင်ဘာ ၃၀) တွင် ကျရောက်သည့် ချင်းညီနောင်တပ်ဖွဲ့ထူထောင်ခြင်း(၁) နှစ်ပြည့် အခမ်းအနားပွဲတွင် ထုတ်ပြန်လာခြင်းဖြစ်သည်။
ယင်းအပြင် ချင်းညီနောင်သည် အနာဂတ်တွင် ချင်းပြည်သူများ အားလုံးအတွက် တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ့်ကံကြမ္မာဖန်းတီးခွင့်ကို အာမခံသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဉပဒေပြုရေးမဏ္ဍိုင်များကို တည်ဆောက် နိုင်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
“ လွတ်မြောက်နယ်မြေနဲ့ ချင်းညီနောင်ထိန်းချုပ်နယ်မြေတွေမှာ ကျောင်းသား/ သူ ပေါင်း ၆၀,၀၀၀ ကျော်၊ ကျောင်းပေါင်း ၈၃၅ ကျောင်းဝန်ကျင်မှာ ဆရာမ/မ ဦးရေ ၅,၀၄၀ ခန့်နဲ့ ပညာသင်ပေးနေပါတယ်။ ချင်းညီ နောင် အနေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ မြို့နယ်၊ ဒေသအသီးသီမှာ ကျန်းမာရေး ရေးကော်မတီ ဖွဲ့စည်းပြီးတော့ ဆေးရုံ/ခန်းတွေဖွင့်ပြီး ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးနေတာရှိပါတယ် ” ဟု MDC၊ MDF တရားသူကြီးချုပ်က ပြောသည်။
လက်ရှိတွင် ချင်းညီနောင်တပ်ဖွဲ့သည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ် မြို့နယ်၊ မတူပီမြို့နယ်၊ ကျင်ဒွေးမြို့နယ်ကို ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲများအတွင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် အာရက္ခတပ်တော်(AA)က ဝိုင်းဝန်းကူညီတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ယင်းအပြင် လက်ရှိတွင် ချင်းညီနောင်အဖွဲ့သည် ဖလမ်းမြို့ သိမ်းတိုက်ပွဲ ဆင်နွှဲနေကြောင်း ပြောသည်။
ယင်းကြောင်း ပြည်သူများအနေဖြင့်လည်း ချင်းညီနောင်၏ အနာဂတ်မျှော်မှန်းချက်များ ပြည့်ဝစေနိုင်ရန်အတွက် အခြားတတ်နိုင်သည့်ဘက်မှ ဆက်လက်ကူညီပံပို့ခြင်းဖြင့် အားဖြည့်ပေးကြရန် ချင်းညီနောင်အဖွဲ့က တိုက်တွန်း ထားသည်။
“ ကျနော်တို့ ချင်းညီနောင်ရဲ့ တစ်နှစ်တာတော်လှန်းရေးမှာ မြို့တွေသိမ်းလာနိုင်တယ်ဆိုတာ မဟာမိတ်တွေရဲ့ မဟာမိတ်ကောင်းပီးသမှုကြောင့် ပြောရင် မမှားပါဘူး။ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်ကောင်း ပီသစွာ အသားချင်းထပ်ပြီးတော့ လက်နက်ခဲယမ်းတွေနဲ့ ပါဝင်ကူညီပေးတဲ့ အာရက္ခတပ်တော်ကို အထူးပင် ကျေး ဇူး ဂုဏ်ပြုပါတယ်။ နောက်ပြီးတော့ YA, YDF ၊ NUG လက်အောက်ခံ PDF တွေကိုလည်း အထူးကျေး ဇူးပါတယ် ” ဟု CDF မတူပီတပ်မဟာ(၁)မှ တပ်မဟာမှူး ဆလိုင်ယောဟန် က ပြောသည်။
ချင်းညီနောင်အဖွဲ့ကို ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၊ ဇိုမီးဖက်ဒရယ်ယူနီယံ(ZFU) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ကောင်စီ (MTC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁) အဖွဲ့တို့ဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်တွင် ဖွဲ့စည်းခဲ့သည်။
လက်ရှိ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး - CNF ဦးဆောင်သည့် ချင်းတော်လှန်ရေးအင်အားစုများနှင့် ဖွဲ့စည်းထားသည့် ချင်းလဲန်းကောင်စီ - CC နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ- ICNCC လက် အောက်ရှိ ချင်းညီနောင်အဖွဲ့(CB) ဟူ၍ နှစ်ဖွဲ့ရှိပြီး ပြည်နယ်အနှံ့တွင် တိုက်ပွဲများဖော်ဆောင်နေသည်။