- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် နိုင်ငံအနှံ့ ဆက်လက်မိုးကြီးမည်
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ သတိထားနေထိုင်ကြရန် မိုးဇလဝ တိုက်တွန်းထားသည်။
13 Sep 2024
![ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ရေကြီးမှုဖြစ်စဉ်။](https://assets.dmediag.com/2024/8/water_flood_kyauktaw.jpg)
DMG ၊ စက်တင်ဘာ ၁၃
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်အပါဝင် ချင်းပြည်နယ်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နောက်နှစ်ရက်အတွင်း ဆက်လက် မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်သည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ သတိထားနေထိုင်ကြရန် မိုးဇလဝ တိုက်တွန်းထားသည်။
ရခိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် ရမ်းဗြဲမြို့နယ်တို့တွင် ရေကြီးနေပြီး အမ်းမြို့နယ်တွင် ကျေးရွာပေါင်း (၂၀) ကျော် ရေဘေးဒဏ် ခံစားနေရသည်။
“မြို့ပေါ်မှာလည်း မနေ့ကစလို့ ရေစီးဝင်နေတာ။ မိုးမစဲသေးရင်တော့ ချောင်းရေမကျမချင်း ရေနစ်မြုပ်နေအုံးမယ် ထင်တယ်” ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။
မိုးဇလ၏ ယနေ့ ၁၁ နာရီ ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် (၄၈)နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မန္တလေး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်တို့တွင် ရေကြီးရေမှု၊ မြေပြိုကျမှုတို့ကြောင့် သေဆုံးသူ ၆၀ ကျော်ထိရှိလာကြောင်း သိရသည်။