- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တော်လှန်ရေးအတွက် ကူညီပေးသည့် AA ကို ကျေးဇူးတင်ကြောင်း CDF -ကန်ပက်လက် ပြော
စစ်ပညာသင်တန်း အောင်မြင်စွာ ပြီးမြောက်နိုင်ရေးနှင့် လက်နက်တပ်ဆင်ရေးအစီစဉ်များ ပြုလုပ်နိုင်ရန် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသည့် အာရက္ခတပ်တော် (ULA/AA) ကို အထူးကျေးဇူးတင်ကြောင်း ချင်းကာကွယ်ရေးတပ် ( CDF - ကန်ပက်လက်) က ထုတ်ပြန်ကြေညာသည်။
03 Mar 2025

DMG ၊ မတ် ၃
စစ်ပညာသင်တန်း အောင်မြင်စွာ ပြီးမြောက်နိုင်ရေးနှင့် လက်နက်တပ်ဆင်ရေးအစီစဉ်များ ပြုလုပ်နိုင်ရန် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသည့် အာရက္ခတပ်တော် (ULA/AA) ကို အထူးကျေးဇူးတင်ကြောင်း ချင်းကာကွယ်ရေးတပ် ( CDF - ကန်ပက်လက်) က ထုတ်ပြန်ကြေညာသည်။
အပတ်စဉ် (၁) အခြေခံ စစ်ပညာသင်တန်း အောင်မြင်စွာပြီး မြောက်နိုင်ရေးနှင့် လက်နက်တပ်ဆင်ရေး အစီစဉ်များ ပြုလုပ်နိုင်ရန် အစမှ အဆုံးအထိ လိုအပ်သည်များကို ပကတိ စိတ်ထားအမှန်ဖြင့် ပံ့ပိုးကူညီပေးခဲ့သော AA နှင့် ပြည်တွင်းပြည်ပသို့ ရောက်ရှိနေသော ထောက်ပို့ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ကြောင်း မတ်လ ၁ ရက်တွင် CDF - ကန်ပက်လက် က ထုတ်ပြန်ထားခြင်းဖြစ်သည်။
လေးလကျော်ကြာမြင့်သော CDF - ကန်ပက်လက် တပ်ဖွဲ့ဝင်များ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကို ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်/ရဲမေများ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် လက်နက်တပ်ဆင်ရေး အခမ်းအနားကိုလည်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းချိန်မှစ၍ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲလာခဲ့ပြီး ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်ကိုလည်း အပြည့်အဝပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း CDF - ကန်ပက်လက် က ဆိုသည်။
အလားတူ ချင်းပြည်အတွင်းရှိ အခြားသောမြို့သိမ်းတိုက်ပွဲများ၌လည်း စစ်ဆင်ရေးနှင့် စစ်ရေးလိုအပ်ချက် အပေါ် မူတည်ပြီး အစွမ်းကုန်ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်အပါအဝင် ချင်းပြည်တောင်ပိုင်းတစ်ခုလုံး လွတ်မြောက်နိုင်ခဲ့ပြီဖြစ်၍ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ချိန်တွင် နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးသည့် ပြည်သူ့အချစ်တော် တပ် နှင့် စစ်သည်တော်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း CDF - ကန်ပက်လက် က ဆိုသည်။
စစ်စည်းကမ်း ပြည့်ဝသည့် ပြည်သူ့စစ်သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် အိမ်နီးချင်း မိတ်ဖက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး စစ်မှန်သောလွတ်မြောက်ခြင်းရရှိသည်အထိ ထိရောက်စွာ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်တွင် ရေးသားထားသည်။
CDF - ကန်ပက်လက် တပ်ဖွဲ့သည် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထု၏ အားပေး ထောက်ခံမှု၊ ယုံကြည်မှုတို့နှင့်အတူ မွေးဖွားလာခြင်းဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့အား ကိုယ်စားပြုသော တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။