- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
ရခိုင်က မြို့နယ်အချို့တွင် စက်သုံးဆီအတု ပြုလုပ်ရောင်းချမှု ကျယ်ပြန့်နေ
အိန္ဒိယစက်သုံးဆီကို အရောင်တင်မုန့်နှင့် ရောစပ်ကာ နေပူလှန်းပြီးနောက် အောက်တိန်း(အရောင်) အဖြစ် ပြောင်းလဲသွားသော စက်သုံးဆီများကို ကာလပေါက်ဈေးအတိုင်း ရောင်းချနေကြခြင်းဖြစ်သည်။
05 Nov 2024

DMG ၊ နိုဝင်ဘာ ၅
လမ်းခရီးပိတ်ဆို့ခံထားရသည့် ရခိုင်ဒေသတွင် စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းများပြတ်လပ်ကာ ဈေးနှုန်းအဆမတန် မြင့်တက်နေ၍ ဒေသခံများမှာ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေကြရသည်။
တစ်ပြိုင်နက်တည်းတွင် စက်သုံးဆီပြတ်လပ်မှုကာ ဈေးနှုန်းမြင့်တက်မှုနှင့်အတူ အောက်တိန်း (92) အတု ပြုလုပ်ပြီး ဖြန့်ဖြူး ရောင်းချမှုများမှာလည်း ဈေးကွက်အတွင်း ကျယ်ပြန့်လာနေသည်။
“အိန္ဒိယဆီကို 92 အတုလုပ်ပြီး ရောင်းချတာတွေရှိတယ်။ ကျမတို့လို ဆီရောင်းတဲ့သူတွေက ဆီစစ်/မစစ်ကို ပိုသိတယ်။ အခုက သိသိရက်နဲ့ ရောင်းကြတာ” ဟု စက်သုံးဆီရောင်းချသူတစ်ဦးက ပြောသည်။
အိန္ဒိယစက်သုံးဆီကို အရောင်တင်မုန့်နှင့် ရောစပ်ကာ နေပူလှန်းပြီးနောက် အောက်တိန်း(အရောင်) အဖြစ် ပြောင်းလဲသွားသော စက်သုံးဆီများကို ကာလပေါက်ဈေးအတိုင်း ရောင်းချနေကြခြင်းဖြစ်သည်။
ထိုစက်သုံးဆီကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဆိုင်ကယ်စက်ရပ်ခြင်း၊ စက်နှိုးမရခြင်းနှင့် စက်ပစ္စည်းချွတ်ယွင်းမှုများ ကြုံတွေ့ရကြောင်း ဝယ်ယူသုံးစွဲသူများက ပြောဆိုကြသည်။
“ဆိုင်ကယ်ဆီပြတ်လို့ လမ်းဘေးဆီဆိုင်က ထည့်လိုက်တာ လမ်းတစ်ဝက်ပဲ မောင်းရသေးတယ်။ ဆိုင်ကယ်အသံက တစ်မျိုးပြောင်းသွားတယ်။ ဘရိတ်နင်းရင်လည်း စက်ရပ်သွားတယ်။ ဆိုင်ကယ်ဝပ်ရှော့မှာ ပြကြည့်တော့မှ ဆီမစစ်လို့ ဆီပိုက်မှာ ပြဿနာဖြစ်နေတာလို့ ပြောတယ်” ဟု မြောက်ဦးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စက်သုံးဆီအတု အသုံးပြုနေရခြင်းကြောင့် စက်ပစ္စည်းပိုင်းချွတ်ယွင်းကာ ပြုပြင်မှုများလုပ်ရသည့်အတွက် ငွေကြေးအကုန်အကျများ ဖြစ်ပေါ်နေကြရသည်။
လက်ရှိ စက်အပိုပစ္စည်းရှားပါးသည့်အပြင် ဈေးနှုန်းအဆမတန်မြင့်တက်ခြင်း၊ လုပ်ခဈေးလည်းကြီးမားသဖြင့် ယာဉ်မောင်းသူများမှာ ထိခိုက်နစ်နာမှုများ ရှိနေကြသည်။
ထို့ကြောင်း စက်သုံးဆီအတု ပြုလုပ်ရောင်းချနေမှုများကို သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် တားမြစ်ဖြေရှင်းပေးရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
“အခုက ပစ္စည်းတစ်ခုလဲရင် အနည်းဆုံးသောင်းဂဏန်းပဲ။ ပစ္စည်းတစ်ခုလဲရင် အနည်းဆုံးက ပိုက်ဆံ ငါးသောင်းလောက်ကုန်တယ်။ ဒီအခြေအနေမှာက ပိုက်ဆံငါးသောင်းရှာဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ ဒီလို စက်သုံးဆီအတု ရောင်းချမှုတွေကို တားမြစ်ဖို့လိုအပ်တယ်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
စက်သုံးဆီအတုများကို ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်တို့တွင် တွယ်ကျယ်စွာ ရောင်းချမှုများ ရှိနေခြင်းဖြစ်သည်။