- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
တောဖျားချောင်းဒေသတွင် ဆေးဝါးပြတ်လပ်၍ သေဆုံးသူရှိလာ
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်နေပြီး ဆေးဝါးရှားပါးသဖြင့် အချိန်မီဆေးမကုသနိုင်ဘဲ အသက်သေဆုံးသူများလည်း ရှိနေသည်။
01 May 2024
DMG ၊ မေ ၁
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်နေပြီး ဆေးဝါးရှားပါးသဖြင့် အချိန်မီဆေးမကုသနိုင်ဘဲ အသက်သေဆုံးသူများလည်း ရှိနေသည်။
တောဖျားချောင်းဒေသရှိ ဆင်သည်၊ ဂန့်ဂါ(ခမီ)၊ ဂန့်ဂါ(ရခိုင်)၊ ဆင်သီဖျား၊ တွင်းဆင်သည်၊ ဩရမ၊ လွန်ပူ၊ ဒိပ္ပ၊ သလူချောင်း၊ ခွေးသေ၊ ဖားကြွယ်၊ ကြက်ချေ၊ ဂြစ်ချောင်း၊ မူးပြင်နှင့် ဆင်ဂေါင်း စသည့် ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
သောက်သုံးရေရှားပါးမှုကြောင့် အင်းအိုင်နှင့် မြောင်များတွင် လက်ယက်တွင်းများပြုလုပ်ကာ အသုံးပြုနေရသဖြင့် ဝမ်းရောဂါအဖြစ်များနေကြောင်း ဒေသခံများက ပြောသည်။
“သစ်ရွက်ခြောက်တွေကြွေကျပြီး ပုပ်နေတဲ့မြောင်ရေတွေကို သောက်နေရတော့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ပိုပြီး ဝမ်းနေမကောင်းဖြစ်ကြတယ်။ ဆေးဝါးကလည်း အစုံအလင်မရှိဘူး” ဟု ဆင်သည်ကျေးရွာသားတစ်ဦးက ပြောသည်။
တောဖျားချောင်းဒေသရှိ ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်းက ကောက်ယူထားသောစာရင်းအရ ဧပြီလအတွင်း ငှက်ဖျားရောဂါဖြစ်သူဦးရေ ၁၀ ကျော်ရှိပြီး ယင်းအထဲမှ ဒိပ္ပကျေးရွာသားတစ်ဦးမှာ ဆေးဝါးရှားပါးမှုကြောင့် အသက်သေဆုံးသွားခဲ့ရသည်။
တောဖျားချောင်းအထက်ပိုင်းတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ဒေသခံများမှာ ကျန်းမာရေးမကောင်းလျှင် ပိုးရွှီပြင်တိုက်နယ်ဆေးရုံသို့ သွားရသည်။ လက်ရှိတွင် အဆိုပါဆေးရုံ၌လည်း ဆေးဝါးများပြတ်လပ်နေသည်။
“ဆေးဝါးတွေအပြင် ဓာတ်ဆားထုပ်ကအစ အကုန်လုံးပြတ်နေတယ်။ ဝမ်းပျက်ဝမ်းလျှော တစ်ခုခုဖြစ်ရင်တောင် မလွယ်ဘူး” ဟု ဩရမကျေးရွာသားတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်း တောဖျားချောင်းဒေသတွင် ရခိုင်၊ ခမီ၊ မြိုလူမျိုးများ အဓိကနေထိုင်ကြပြီး ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုသွားလာရ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍအသီးသီးတွင် ဖွံဖြိုးမှုနောက်ကျလျက်ရှိသည်။