နိုင်ငံစွမ်းအင် လိုအပ်ချက် ထက်ဝက်နီးပါးကို သန့်ရှင်းစွမ်းအင်ထံမှ ရရှိရန် ဂျပန်မျှော်မှန်း

ပြန်လည်ပြင်ဆင်ထားသော အခြေခံစွမ်းအင်မူဝါဒမူကြမ်းအရ ဂျပန်နိုင်ငံသည် မြင့်တက်လာနေသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သန့်ရှင်းစွမ်းအင် အခန်းကဏ္ဍကို တွန်းအားပေးဆောင်ရွက်လျက် ရှိသည်။

By Admin 17 Dec 2024

၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ကာနာဂါဝါစီရင်စု နာကိုင်းမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတစ်ခု၌ ဆိုလာပြားများ တပ်ဆင်ထားသည်ကို ဆီးနှင်းဖုံးနေသည့် ဖူဂျီတောင် နောက်ခံဖြင့် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)
၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ကာနာဂါဝါစီရင်စု နာကိုင်းမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတစ်ခု၌ ဆိုလာပြားများ တပ်ဆင်ထားသည်ကို ဆီးနှင်းဖုံးနေသည့် ဖူဂျီတောင် နောက်ခံဖြင့် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

ဂျပန်သည် တစ်နိုင်ငံလုံး အတိုင်းအတာအဖြင့် စွမ်းအင်လိုအပ်ချက် စုစုပေါင်းကို ၂၀၄၀ ပြည့်နှစ် ဘဏ္ဍာနှစ်ကို နောက်ဆုံးထား၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)ဟုခေါ်သော သန့်ရှင်းစွမ်းအင်ထံမှ တဆင့် ဓာတ်အားပမာဏ ၅၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ရန် ဆန္ဒရှိနေပြီး အခြားသော ၂၀ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင် မှတဆင့် ရယူရန် စီစဉ်နေသည်ဟု အခြေခံစွမ်းအင်မူဝါဒ မူကြမ်းကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြန်လည်ပြင်ဆင်ထားသော အခြေခံစွမ်းအင်မူဝါဒမူကြမ်းအရ ဂျပန်နိုင်ငံသည် မြင့်တက်လာနေသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သန့်ရှင်းစွမ်းအင် အခန်းကဏ္ဍကို တွန်းအားပေးဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့ရည် တင်သွင်းသူနှင့် အရှေ့အလယ်ပိုင်း၏ အဓိကဝယ်လက်အဖြစ် ရပ်တည်နေသော ဂျပန်နိုင်ငံနှင့် ၎င်း၏အခြေခံစွမ်းအင်ကဏ္ဍ အစီအမံများသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး ထုတ်လုပ်သူများထံမှနေ၍ ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုကို ရရှိလျက်ရှိသည်။

အထူးသဖြင့် ထိရောက်မှုမရှိလှတော့သော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများထံမှ အပူစွမ်းအင် ထုတ်ယူသုံးစွဲမှုသည် စွမ်းအင်မူဝါဒမူကြမ်းအရ ကျောက်မီးသွေး၊ ဓာတ်ငွေ့နှင့် ရေနံတို့ကို လုံးဝမမှီခိုတော့သော ပြိုလဲသွားသည့် အဆင့်ထိတိုင် မသတ်မှတ်ထားသော်လည်း၂၀၂၃ ခုနှစ်တွင် ၆၈ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှနေ၍ ၂၀၄၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ လျော့ကျသွားဖွယ်ရှိနေသည်။

“LNG ဓာတ်အားကို လက်တွေ့ဆန်တဲ့ အသွင်ကူးပြောင်းရေးနည်းလမ်းအဖြစ် အသုံးပြုဖို့ အရေးကြီးပါတယ်။ ဈေးနှုန်းတက်တာနဲ့ ထောက်ပံ့မှု ပြတ်တောက်တာစတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်တဲ့နေရာမှာ ရေရှည် LNG စာချုပ်တွေကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပြီး လုံခြုံအောင် လုပ်ပေးဖို့လည်း လိုအပ်ပါတယ်” ဟု မူကြမ်းတွင် ဖော်ပြထားသည်။ 

အင်္ဂါနေ့က ထုတ်ဖော်ပြသခဲ့သော စက်မှုဝန်ကြီးဌာန၏ မူဝါဒမူကြမ်းတွင် သန့်ရှင်းစွမ်းအင် ဓာတ်အားပမာဏကို ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်၏ ၂၂ ဒသမ ၉ ရာခိုင်နှုန်းထက် နှစ်ဆကျော်နှင့် ၂၀၃၀ ပြည့်နှစ် ဘဏ္ဍာနှစ်၏ ရည်မှန်းချက်ဖြစ်သော ၃၆ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းထက် ပိုမိုကျော်လွန်၍ ၂၀၄၀ ပြည့်နှစ် ဘဏ္ဍာနှစ်၌ သန့်ရှင်းစွမ်းအင် ဓာတ်အားပမာဏ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရန် ရေးသားဖော်ပြထားသည်။ 

၂၀၁၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော ဖူကူရှီးမား ကပ်ဘေးအပြီးတွင် စက်မှုလုပ်ငန်းများ၏ စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း ဂျပန်နိုင်ငံ၏ ၂၀၄၀ ပြည့်နှစ် နျူကလီးယား စွမ်းအင်ပစ်မှတ်သည် ၂၀၃၀ ပြည့်နှစ်အတွက် ထားရှိသောပစ်မှတ်နှင့် ၂၀ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်းအကြား၌ ကိုက်ညီလျက်ရှိသည်။

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ဓာတ်အားထောက်ပံ့မှုအတွက် နျူကလီးယားစွမ်းအင်သည် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့သည်။