- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထိုင်းတွင် ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုအတွက် သံသယတရားခံ နှစ်ဦးကို ဖမ်းဆီး
မြန်မာနိုင်ငံနယ်စပ် တာ့ခ်ခရိုင်ရှိ အုန်းဖျန်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပွဲတော်တစ်ခုအတွင်း ပြင်ပဖျော်ဖြေပွဲတစ်ခု၌ သောကြာနေ့ည သန်းခေါင်ယံချိန်မတိုင်မီတွင် လူအုပ်ထဲသို့ ဖောက်ခွဲရေးပစ္စည်းတစ်ခုကို ပစ်သွင်းခဲ့ခြင်း ဖြစ်သည်။
14 Dec 2024
အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူပေါင်း ဒါဇင်နှင့်ချီခဲ့သော ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း အုန်းဖျန်မြို့တွင်ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ သံသယတရားခံနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားလိုက်သည်ဟု AP က ဖော်ပြထားသည်။
မြန်မာနိုင်ငံနယ်စပ် တာ့ခ်ခရိုင်ရှိ အုန်းဖျန်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပွဲတော်တစ်ခုအတွင်း ပြင်ပဖျော်ဖြေပွဲတစ်ခု၌ သောကြာနေ့ည သန်းခေါင်ယံချိန်မတိုင်မီတွင် လူအုပ်ထဲသို့ ဖောက်ခွဲရေးပစ္စည်းတစ်ခုကို ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်း အုန်းဖျန်ကယ်ဆယ်ရေး အသင်းအဖွဲ့များက ပြောကြားသည်။
အနည်းဆုံး လူ ၄၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဘက်က သံသယရှိသူများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သဖြင့် လတ်တလောတွင် သံသယရှိသူများအပေါ် စွဲချက်မတင်သေးကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒေသခံရဲတပ်ဖွဲ့က ပေါက်ကွဲမှုမဖြစ်ပွားမီတွင် လူအုပ်စုနှစ်ခုအကြား၌ ရန်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် ယခုပေါက်ကွဲမှုမှာ လုံခြုံရေးပိုင်းဆိုင်ရာကို ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ သာနာသစ်ပ် ဆာဝမ်ဆန်း က AP သတင်းဌာနသို့ ပြောကြားခဲ့သည်။
မှုခင်း အထောက်အထားများအရ ဖောက်ခွဲရေးပစ္စည်းသည် လက်လုပ်ဗုံးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
တာ့ခ်ခရိုင်တွင် အုန်းဖျန်အပါအဝင် ၎င်း၏နယ်စပ်ဒေသများ၌ စစ်အင်အား အမြောက်အမြားရှိသည်။
ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝါထရာ က သေဆုံးသူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ဝမ်းနည်းရကြောင်း ပြောကြားခဲ့ပြီး အဆိုပါဒေသပတ်ဝန်းကျင်ရှိ လုံခြုံရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ အေဂျင်စီများက ထိခိုက်ဒဏ်ရာရရှိခဲ့ရသူများကို စုံစမ်းစစ်ဆေး၍ အကူအညီပေးရန် ညွှန်ကြားထားကြောင်း အစိုးရဆိုင်ရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျီရာယု ဟောင်ဆပ်က ပြောကြားထားသည်။