- ဆီးရီးယားတွင် အလောင်းတစ်သိန်းကျော် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ တွေ့ရှိ
- စစ်ကောင်စီဖိအားကြောင့် ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင် တစ်ထောင်ကျော် အခက်ကြုံ
- ပြည်ရောက် ရခိုင်စစ်ဘေးရှောင်များ ဖိနှိပ်ခံနေရ
- စစ်တွေမြို့တွင် လူမရှိသည့်နေအိမ်များကို စစ်ကောင်စီ ဖောက်ထွင်း
- ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ၍ အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးလေးဦး ဒဏ်ရာရ
ဆီးရီးယားတွင် အလောင်းတစ်သိန်းကျော် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ တွေ့ရှိ
ဆီးရီးယားအရေးပေါ် အထူးတပ်ဖွဲ့ အကြီးအကဲ မူစတာဖာက အခင်းဖြစ်ပွားရာနေရာ၌ မြှုပ်နှံထားသည့် အလောင်းအရေအတွက်ကို တစ်သိန်းဟု ခန့်မှန်းသည်မှာ ဖြစ်နိုင်ခြေ ပမာဏကို အလွန်အမင်း လျှော့ချခန့်မှန်းထားခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
18 Dec 2024
ဖြုတ်ချခံလိုက်ရသော သမ္မတ ဘာရှား အယ်လ်-အာဆတ် အစိုးရ၏သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ အနည်းဆုံး လူပေါင်း ၁၀၀,၀၀၀ ၏ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသောနေရာတစ်ခုကို ဒမတ်စကတ်မြို့ အပြင်ဘက်တွင် တွေ့ရှိရကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆီးရီးယား တက်ကြွလှုပ်ရှားသည့် အဖွဲ့တစ်ခု၏ အကြီးအကဲက အကြီးအကဲက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
ဒမတ်စကတ်မြို့မှနေ၍ တယ်လီဖုန်းဖြင့် ဖြေကြားပေးသော အင်တာဗျူးတစ်ခုတွင် မူအက်ဇ် မူစတာဖာ က ဆီးရီးယားမြို့တော်၏ မြောက်ဘက် ၂၅ မိုင် အကွာရှိ အယ်လ်ကူတေဖာတွင် တည်ရှိသောနေရာသည် လွန်ခဲ့သည့်နှစ်များအတွင်း ၎င်းရှာဖွေတွေ့ရှိခဲ့သော အစုလိုက်အပြုံလိုက သင်္ချိုင်းငါးခုအနက်မှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဆီးရီးယားအရေးပေါ် အထူးတပ်ဖွဲ့ အကြီးအကဲ မူစတာဖာက အခင်းဖြစ်ပွားရာနေရာ၌ မြှုပ်နှံထားသည့် အလောင်းအရေအတွက်ကို တစ်သိန်းဟု ခန့်မှန်းသည်မှာ ဖြစ်နိုင်ခြေ ပမာဏကို အလွန်အမင်း လျှော့ချခန့်မှန်းထားခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အစုလိုက်အပြုံလိုက် မြှုပ်နှံထားသောနေရာများမှာ နေရာငါးခုထက် ပို၍များနိုင်သည်ဟု ၎င်းဘက်က သေချာကြောင်းနှင့် မြှုပ်နှံထားသည့်အလောင်းများတွင် ဆီးရီးးယားဒုက္ခသည် သားကောင်ဖြစ်ခဲ့ရသူများနှင့်အတူ အမေရိကန်၊ ဗြိတိန်နှင့် အခြားသော နိုင်ငံခြားသားများလည်း ပါဝင်နေကြောင်း မူစတာဖာက ပြောကြားခဲ့သည်။
မူစတာဖာ၏ ပြောကြားချက်များကို Reuters သတင်းဌာနဘက်က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြည်တွင်းစစ်ကို ကြီးထွားလာစေခဲ့သည့် အာဆတ်၏အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့သော ဆန္ဒပြပွဲများကို ဖြိုခွင်းခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်၍ အရေအတွက်အားဖြင့် သိန်းနှင့်ချီသော ဆီးရီးယားနိုင်ငံသားများ အသတ်ခံခဲ့ရသည်ဟု ခန့်မှန်းရသည်။
အာဆတ်သည် ၂၀၀၀ ပြည့်နှစ်တွင် ကွယ်လွန်သွားခဲ့သော ၎င်း၏ဖခင်ဖြစ်သူ ဟာဖက်ဇ်၏ နေရာကိုဆက်ခံ၍ သမ္မတဖြစ်လာခဲ့ပြီး ၎င်းနှင့် ၎င်း၏ဖခင်တို့မှာ နိုင်ငံအတွင်း နာမည်ဆိုးဖြင့်ကျော်ကြားသော အကျဉ်းထောင်စနစ်အတွင်း အစုလိုက်အပြုံလိုက် သေဒဏ်ပေးခြင်း အပါအဝင် တရားလက်လွတ် သတ်ဖြတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ကြသည်ဟု ဆီးရီးယားပြည်သူများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အခြားသောအစိုးရများက စွပ်စွဲထားကြသည်။