- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
တူရကီနှင့် ဆီးရီးယားမှာ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် အနည်းဆုံး ၂၄၅ ဦးသေဆုံး
၇.၈ မဂ္ဂနီကျုပြင်းအားရှိသည့် အင်အားကြီးငလျင်သည် လူအများအိပ်မောကျနေသည့် အာရုံတက်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
06 Feb 2023
တူရကီဘက်ခြမ်းကို ဗဟိုပြုပြီး တနင်္လာနေ့အစောပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဆီးရီးယားတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၂၄၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၇.၈ မဂ္ဂနီကျုပြင်းအားရှိသည့် အင်အားကြီးငလျင်သည် လူအများအိပ်မောကျနေသည့် အာရုံတက်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“အာလက်ပို၊ တက်တာကီယာ၊ ဟာမာနဲ့ တားတက်စ်ဒေသတွေမှာ စုစုပေါင်း ၂၃၇ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၆၃၉ ဦးရှိပါတယ်” ဟု ဆီးရီးယားကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆီးရီးယားနယ်စပ်နှင့် ၄၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည့် တူရကီမြို့ ဂါဇင်တက်အနီးတွင်လည်း ငလျင်ကြောင့် လူအများသည် အလန့်တကြားဖြစ်ကာ နေအိမ်များမှ ပြေးထွက်လာကြသည်ကို တွေ့ရကြောင်း သတင်းထောက်များ၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
ငလျင်ကြောင့် အဆောက်အအုံများ ပြိုလဲကုန်ပြီး အပျက်အစီးပုံများကြားတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အလက်ပိုတစ်မြို့တည်း၌ ပြိုကျအဆောက်အအုံပေါင်း ၂၀ ခန့်ရှိပြီး ၂၄ ဦးသေဆုံးကာလူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အလက်ပိုသည် ဆီးရီးယားစစ်ပွဲဒဏ်ကို ပြင်းပြင်းထန်ထန် ခံထားရသည့် မြို့ဖြစ်ကာ ဆယ်စုနှစ်တစ်ခုကျော်ကြာ စစ်ဒဏ်၊ ဆောက်လုပ်ရေးစည်းကမ်းများ ပေါ့လျော့မှု စသည်တို့ကြောင့် အဆောက်အအုံများသည်လည်း မကြာခဏဆိုသလို ပြိုကျလေ့ရှိသည်။
“အမျိုးသားငလျင်ဌာနကို စတင်တည်ထောင်ခဲ့တဲ့ ၁၉၉၅ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး ကြုံတွေ့ရတဲ့ငလျင် ဖြစ်ပါတယ်” ဟု ဆီးရီးယားသတင်းဌာန SANA ၏ အကြီးအကဲ ရာအက်အာမက်က ပြောကြားသည်။
“၇.၈ မဂ္ဂနီကျုပြင်းအားရှိသည့် ငလျင်တစ်ရပ်သည် တနင်္လာနေ့နံနက် ဒေသစံတော်ချိန် ၄ နာရီ ၁၇ မိနစ်တွင် တူရကီတောင်ပိုင်း ဂါဇင်တက်မြို့အနီးကို ဗဟိုပြုလျက် အနက် ၁၇.၉ ကီလိုမီတာဖြင့် လှုပ်ခတ်ခဲ့သည်” ဟု အမေရိကန် ဘူမိဗေဒစစ်တမ်းတွင် ဖော်ပြထားသည်။ ငလျင်လှုပ်ခတ်မှုကို လက်ဘနွန်၊ ဆီးရီးယားနှင့် ဆိုက်ပရပ်နိုင်ငံတို့အထိ ခံစားသိရှိခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။