- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
တင်းမရွာတွင် မိုင်းပေါက်ကွဲမှုဖြစ်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်
တင်းမကျေးရွာနှင့် အနီးတဝိုက်မှာ ယခင်စစ်ရေးကာလက စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ဒေသတစ်ခုဖြစ်သဖြင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်များစွာ ရှိနေသည်။
04 Nov 2024
DMG ၊ နိုဝင်ဘာလ ၄
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အထက်ပိုင်းရှိ တင်းမကျေးရွာအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။
တင်းမရွာတွင် ပြန်လည်နေထိုင်ရန် ရောက်ရှိလာကြသူများသည် နိုဝင်ဘာလ ၂ ရက်က နေအိမ်ပတ်ဝန်းကျင်ကို ရှင်းလင်းရေးများလုပ်ဆောင်စဉ် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
“အဲဒီနေ့ နံနက်ပိုင်းက ခြုံနွယ်တွေကို ခုတ်ပြီး တစ်နေရာမှာ စုထားခဲ့တယ်။ ညနေပိုင်း မီးရှို့တဲ့အခါမှာ အဲဒီနေရာက မိုင်းတစ်လုံးပေါက်ကွဲသွားတယ်။ ဒဏ်ရာရတာတော့မရှိဘူး” ဟု တင်းမရွာသားတစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း အာရက္ခတပ်တော်က ကျောက်တော်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် လေးနှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရသော တင်းမကျေးရွာသားများမှာ မတ်လအတွင်း၌ မိမိနေရပ်တွင် ပြန်လည်နေထိုင်ခွင့် ရရှိခဲ့သည်။
တင်းမကျေးရွာနှင့် အနီးတဝိုက်မှာ ယခင်စစ်ရေးကာလက စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ဒေသတစ်ခုဖြစ်သဖြင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်များစွာ ရှိနေသည်။
ဒေသခံများမှာ မိုင်းအန္တရာယ်များကြောင့် တောင်ယာ၊ လယ်ယာလုပ်ငန်းများကို မလုပ်ကိုင်နိုင်ကြသဖြင့် စားဝတ်နေရေး အခက်အခဲအပြင် ပြန်လည်ထူထောင်ရေးအတွက်ပါ စိန်ခေါ်မှုများရှိနေသည်။
“ရွာအလယ် နေအိမ်တွေမှာတောင် မိုင်းပေါက်ကွဲမှုတွေရှိနေတာ။ အရင်ကလို ပြန်လည်ပြီး လုပ်စားရမှာက လုံးဝမလွယ်တဲ့ ကိစ္စပါ” ဟု နောက်ထပ် တင်းမကျေးရွာသားတစ်ဦးက ပြောသည်။
စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ယနေ့ကြုံတွေ့နေရပြီး ဒေသခံများမှာ နေ့စဉ်လူမှုဘဝရပ်တည်ရေးမှာ အခက်အခဲများ ရင်ဆိုင်နေကြရသည်။
ရသေ့တောင်မြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်က မညှင်းတောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ နေအိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရန်မြေထူးဆွစဉ် မိုင်းပေါက်ကွဲ၍ ညာဘက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။
DMG စာရင်းအရ ယခုနှစ် ဧပြီလမှစ၍ အောက်တိုဘာအထိ ရခိုင်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲ မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ ၄၈ ဦးအထိ ရှိနေသည်။