- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
ရခိုင် - ဧရာဝတီ အစပ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ၅၇ မိုင် အကွာရှိ စစ်ကောင်စီ၏ နယ်ခြားစစ် ဆေးရေးဂိတ် ဖြစ်သည့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA က ဇန်နဝါရီ ၂ ရက်မှ စကာ ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။
03 Jan 2025

DMG ၊ ဇန်နဝါရီ ၃
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ၅၇ မိုင် အကွာရှိ စစ်ကောင်စီ၏ နယ်ခြားစစ် ဆေးရေးဂိတ် ဖြစ်သည့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA က ဇန်နဝါရီ ၂ ရက်မှ စကာ ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။
“အဓိကတော့ ရခိုင် - ဧရာဝတီ အစပ်မှာရှိတဲ့ ဂွ - ငသိုင်းချောင်း လမ်းထဲက ဗေဒါရဲစစ်ဆေးရေးဂိတ်နဲ့ အဲဒီ အနီးအနားက စစ်ကောင်စီကင်းစခန်းတွေကို တိုက်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းနယ်စပ်အထိ ဆင်နွဲလာသည့် AA ၏ ထိုးစစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
AA သည် ဂွမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဂွ - ဧရာဝတီအစပ်ရှိ စစ်ကောင်စီ၏ စစ်ရေးဂိတ်အပါအဝင် တပ်စခန်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်-ဧရာဝတီအစပ်ရှိ တိုက်ပွဲဖြစ်ပွားသည့် နေရာများကို စစ်ကောင်စီ၏ ရေကြည်မြို့ အခြေစိုက် အမတ (၃၄၄) တပ်ရင်းမှ စစ်ကူများ ပေးပို့နေသည့်အပြင် လက်နက်ကြီး ပစ်ကူများ ပစ်ခတ်နေကြောင်း သိရသည်။
“ဂွဖက်ကို (စစ်အင်အား)ပို့တယ်ဆိုတာလည်း သံတွဲခရိုင်နဲ့ ဟင်္သာတခရိုင်ကြားထဲက ဗေဒါရဲစခန်းဖက်ကို ကာကွယ်တာပေါ့။ ပြီးတော့ ရေနံသာအနီးမှာရှိတဲ့ မြောက်စမ်းအခြေပြု အမတ ၃၄၄ က စခန်းတွေကို ကာကွယ်နေတဲ့ သဘောပါပဲ” ဟု နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်း စစ်ရေးပြင်ဆင်မှုများအပြင် လုံခြုံရေးတင်းကြပ်မှုများ ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီသည် AA သိမ်းပိုက်ထားသည့် ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို ပြန်လည် ထိုးစစ်ဆင်ရန် ဧရာဝတီဘက်မှတစ်ဆင့် စစ်အင်အားကိုပိုမိုဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်း မြစ်များက ပြောဆိုထားသည်။
လက်ရှိတွင် ရခိုင်-ဧရာဝတီနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ရေကြည်မြို့နယ်ရှိ မြောက်စမ်း၊ ကျောင်းကုန်း၊ မဒေါ့မြှောင် စသည့် ကျေးရွာတို့တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ဒေသခံများမှာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် ထပ်မံ ထွက်ပြေးနေရကြောင်း ပြောဆိုကြသည်။
“တိုက်ပွဲဖြစ်တဲ့ နေ့ကစလို့ အဲဒီအနီးအနားရွာတွေက ရခိုင်စစ်ဘေးရှောင်တွေကို စစ်ကောင်စီက အမျိုးမျိုး ဖိအားပေးနေတယ်။ အဲဒါကြောင့် ထွက်ပြေးကြတာလည်း ရှိနေတယ်။ တော်တော် ဒုက္ခရောက်နေကြ တယ်လို့ သိရတယ်” ဟု ရေကြည်မြို့နယ်ရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ရခိုင်တိုက်ပွဲများကြောင့် ဂွနှင့် သံတွဲမြို့နယ်မှ ဒေသခံသောင်းနှင့်ချီမှာ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြပြီး စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှုမရရှိသည့်အပြင် ဖိနှိပ်ခံရမှု၊ ဖမ်းဆီးခံရမှုတို့ကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့ရသည်။
စစ်ကောင်စီနှင့် AA တို့၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစသည့် တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA က ရခိုင်က မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း မကြာသေးမီက ထုတ်ပြန်ထားသည်။