- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
၈ လကျော်ကြာသည့်တိုင် သင်ပုန်းတန်းရွာသား ၈ ဦးအမှုကို မစစ်ဆေးရသေး
သင်းပုန်းတန်းကျေးရွာသား ၅၀ ခန့်မှာ ၂၀၂၄ ဇွန်လက ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်သို့ စစ်ဘေးရှောင်ရန်သွားစဉ် စစ်ကောင်စီ နေဗီထံ တားဆီးအဖမ်း ခံလိုက်ရခြင်းဖြစ်သည်။
01 Mar 2025

DMG ၊ မတ် ၁
မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ သင်းပုန်းတန်း ကျေးရွာသား ၈ ဦးအမှုကို အကြိမ်ကြိမ်ရုံးထုတ်သော်လည်း တရားလိုနှင့်လိုပြသက်သေများ မရောက်သဖြင့် တစ်စုံတစ်ရာ စစ်ဆေးမှု မလုပ်နိုင်သေးကြောင်း သိရသည်။
သင်းပုန်းတန်းကျေးရွာသား ၅၀ ခန့်မှာ ၂၀၂၄ ဇွန်လက ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်သို့ စစ်ဘေးရှောင်ရန်သွားစဉ် စစ်ကောင်စီ နေဗီထံ တားဆီးအဖမ်း ခံလိုက်ရခြင်းဖြစ်သည်။
ယင်းအထဲက အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်များကို ပြန်လွှတ်ပေးသော်လည်း အသက် ၃၀ အရွယ် လူလတ်ပိုင်း ဒေသခံ ၈ ဦးကို ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် တရားစွဲထားခြင်း ဖြစ်သည်။
“နေဗီက ဖမ်းဆီးသွားပြီးနောက်မှာ ရေချမ်းပြင် အခြေစိုက် ခလရ ၂၇၀ ကို ခေါ်သွားတယ်။ ပြီးမှ အကျဉ်းထောင်ထဲ ပို့လိုက်တာ။ အခုတော့ ရုံးထုတ်ပြပြီး ဘာမှ မစစ်ဆေးသေးဘူး။ ထပ်ပြီး ရုံးချိန်းလိုက် တယ်လို့ ပြောတယ်။ သူတို့ အချုပ်ထောင်ထဲမှာ ထိန်းသိမ်းထားတာ ၈ လကျော်လောက်ရှိနေပြီ” ဟု သင်းပုန်းတန်း ကျေးရွာသားတစ်ဦးက ပြောသည်။
အဆိုပါ အမှုကို ပြီးခဲ့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၈) က စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားလိုနှင့် လိုပြသက်သေများ မရောက်သဖြင့် စစ်ဆေးနိုင်ခြင်းမရှိကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။
သင်းပုန်းတန်းရွာသားများကို အာရက္ခတပ်တော်နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ၁၇(၁) ပုဒ်မဖြင့် စစ်တွေတပ်နယ်က စစ်ကောင်စီ အရာရှိတစ်ဦးက တရားလိုလုပ်ကာ တရားစွဲထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ တရားလိုမရောက်သဖြင့် စွပ်စွဲခံရသူများမှာ နစ်နာကြောင်း ပြောဆိုကြသည်။
၂၀၂၄ ဇွန်လကလည်း သင်းပုန်းတန်းကျေးရွာသား အသက် ၄၀ ကျော်အရွယ် ဦးထွန်းဝင်း၊ ဦးစိန်သန်းတင်တို့မှာ နေအိမ်၌ ဗုံးခိုကျင်းတူးနေသည်ကို စစ်ကောင်စီကမြင်သဖြင့် မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ် သွားပြီးနောက် ယနေ့အချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။
မိသားစုဝင် အမျိုးသားတစ်ဦးက “ ခလရ ၂၇၀ ကို ခေါ်သွားတာ။ တစ်ပတ်လောက်နေတဲ့ အခါသွားမေးတော့ မရှိ ဘူးလို့ပြောတယ်။ အခုဆိုရင် လုံးဝ ပေါ်မလာတော့ဘူး။ တရားစွဲခံရတဲ့ အထဲမှာလည်း မပါဘူး ” ဟု ပြောသည်။
ထိုသို့ သတင်းအစနမရ ပျောက်ဆုံးနေသဖြင့် မိသားစုများက စိုးရိမ်နေကြောင်းပြောဆိုကြသည်။
သင်းပုန်းတန်းအပါဝင် ပလ္လင်ပြင်၊ အောင်တိုင်၊ အုန်းရေဖော်၊ ကျက်တောပြင်၊ ရေချမ်းပြင်၊ မောင်နီပြင် စသည့် ကျေးရွာ ၁၀ ကျော်မှ ဒေသခံများကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လက စစ်ကောင်စီက အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့သည်။
စစ်ကောင်စီသည် လူမရှိသည့် ကျေးရွာများ၌ အမြောက်တပ်၊ လက်နက်ကြီးတပ်များတပ်ဆင်ထားပြီး နောက် အနီးအနားရှိ နယ်စပ်ကျေးရွာကိုများကို မကြာခဏ လက်နက်ကြီး လှမ်းပစ်လျက်ရှိသည်ဟုလည်း သိရသည်။