- တရုတ် မိတ်ဖက် Airbus ကုမ္ပဏီသည် စစ်ကောင်စီ စစ်ရာဇဝတ်မှုတွင် ပါဝင်နေဟု အဖွဲ့အစည်းများပြော
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ ပြည်ပထွက်ခွာမှု မြင့်တက်လာ
- ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက်
- ဒီမိုကရေစီမျှော်လင့်ချက် မှေးမှိန်လာပြီး ခေါင်းဆောင်မှု လိုအပ်နေသည့် မြန်မာ့အရေး
- ပေါက်တောတွင် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နေ
သာပေါင်းမြို့နယ်တွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေ
သာပေါင်းမြို့နယ်၊ ကျားခေါင်းကျေးရွာရှိ စစ်ကောင်စီ၏ ခံတပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂ ရက်တွင် သိမ်းပိုက်လိုက်ပြီးနောက် ယခုအခါ သစ်ဖြူ၊ ကျားခေါင်းနှင့် သစ်ဝမ်းပူကျေးရွာ အနီးတဝိုက် တောင်တန်းများတွင် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
05 Feb 2025
![ပုံစာ - ဧရာဝတီနယ်စပ်တွင် စစ်ချီနေသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk](https://assets.dmediag.com/2025/2/IRR-Feb5.jpg)
DMG ၊ ဖေဖော်ဝါရီ ၅
ရခိုင်ပြည် အပြင်ဘက်ထိ ချီတက်နေသည့် အာရက္ခတပ်တော်(AA)၏ ထိုးစစ်များသည် လက်ရှိတွင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၌ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ ကျားခေါင်းကျေးရွာရှိ စစ်ကောင်စီ၏ ခံတပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂ ရက်တွင် သိမ်းပိုက်လိုက်ပြီးနောက် ယခုအခါ သစ်ဖြူ၊ ကျားခေါင်းနှင့် သစ်ဝမ်းပူကျေးရွာ အနီးတဝိုက် တောင်တန်းများတွင် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
" မကျီးဇင်- သဲဖြူ လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ကျားခေါင်းစခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့တယ်။ AA နဲ့ ပူးပေါင်းတပ်တွေ ဧရာဝတီကိုစတင် ထိုးစစ်ဆင်လာတဲ့ ဇန်နဝါရီလကတည်းက ကျားခေါင်းမှာ စစ်ကောင်စီ ခံစစ်တည်ထားတဲ့ စခန်းဖြစ်တယ်။ စစ်ကောင်စီက သဲဖြူရွာအနီးမှာ ခံစစ်ပြင်ထားပြီးတော့ အခု အနီးနားတွေမှာ တိုက်ပွဲ ဖြစ်နေတာ " ဟု ဒေသခံ သတင်းရင်း မြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါတိုက်ပွဲများသို့ စစ်ကောင်စီသည် သာပေါင်းမြို့ အခြေစိုက် ခမရ ၃၀၈ တပ်ရင်းနှင့် ဟင်္သာတမြို့ အခြေစိုက် တပ်ရင်းများက တပ်သားများကို စစ်ကူပို့နေပြီး ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက်ပိုင်းအထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း သူက ဆက်ပြောသည်။
သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်းအပြင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်နေသည့် မကျီးဇင်- သဲဖြူ- ကြက်သွန်းကွင်း လမ်းပိုင်းတွင် မကျီးဇင်နှင့် သာပေါင်းမြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်ပြီး ဒေသတွင်း ဆက်သွယ်ရေးအတွက် အရေးပါသည်။
AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်သည့် ကျားခေါင်းကျေးရွာမှာ သာပေါင်းမြို့နှင့် မိုင် ၃၀ အကွာအဝေး ခန့်သာရှိသဖြင့် မကြာမီ မြို့ထဲအထိ ထိုးစစ်ရောက်လာမည်ကို ဒေသခံများ စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။
" အခု တိုက်ပွဲဖြစ်ပွားနေကြတဲ့ ကျားခေါင်း၊ သစ်ဖြူတို့ဆိုတာက သာပေါင်းမြို့နဲ့ နီးလာပြီ။ ဒါကြောင့် စစ်ကောင်စီက သာပေါင်းမြို့အထိ ပူးပေါင်းတပ်တွေ ရောက်လာမှာကို စိုးရိမ်နေတာ။ အခုက အင်းအား ဖြည့်တင်းမှုတွေ လုပ်နေတယ်။ အဲဒီလမ်းပိုင်းက ကျေးရွာတွေက ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပြီ" ဟု သာပေါင်းရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယခု တိုက်ပွဲဖြစ်နေသည့် လမ်းပိုင်းတွင် မကျီးဇင်၊ လှော်တော်၊ သစ်ဖြူ၊ ကျားခေါင်း၊ သစ်ဝမ်းပူ၊ သစ်ဆင်၊ သာပေါင်းလေး၊ သဲဖြူ၊ ဖိုချောင်း၊ တောင်ထန်း၊ ဝါးယား၊ ကြက်သွန်းကွင်း၊ လှေကြီးတက် စသည့် ကျေးရွာများ ရှိကြပြီး သစ်ဖြူ၊ ကျားခေါင်းနှင့် သစ်ဝမ်းပူ ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြခြင်း ဖြစ်သည်။
ရခိုင်ပြည် တောင်ဖက်အစွန်ဆုံး ဂွမြို့ကို အာရက္ခတပ်တော်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီးနောက် ဧရာဝတီတိုင်း၊ ရေကြည်၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့ရှိ စစ်ကောင်စီ စခန်းများကို AA နှင့် ဒေသကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။