- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
တယ်လီနောမြန်မာ ၂၀၂၁ ပထမသုံးလပတ်တွင် ကန်ဒေါ်လာ သန်း ၄၇၀ ခန့် အရှုံးပေါ်
တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၂၀၂၁ ပထမ သုံးလပတ်အတွင်း နော်ဝေခရိုနာငွေ ၃.၉ ဘီလျံ (ကန်ဒေါ်လာ သန်း ၄၇၀ ခန့်) အရှုံးပေါ်ခဲ့ကြောင်း မေလ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
05 May 2021

DMG ၊ မေ ၅
တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၂၀၂၁ ပထမ သုံးလပတ်အတွင်း နော်ဝေခရိုနာငွေ ၃.၉ ဘီလျံ (ကန်ဒေါ်လာ သန်း ၄၇၀ ခန့်) အရှုံးပေါ်ခဲ့ကြောင်း မေလ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
၂၀၂၀ ခုနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံ၌ အမြတ်ငွေ နော်ဝေခရိုနာငွေ ၆၉၈ သန်းရှိခဲ့သည့် တယ်လီနောကုမ္ပဏီသည် ၂၀၂၁ ပထမသုံးလပတ်အတွင်း ခရိုနာငွေ ၃.၉ ဘီလျံ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။
ပုံမှန်မဟုတ်သည့် အခြေအနေ၊ မရေရာမှု၊ အလွန်စိုးရိမ်ဖွယ်ရာ အနေအထားတစ်ရပ်နှင့်အတူ မိမိတို့၏ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အကန့်အသတ်များ ရင်ဆိုင်နေရသော်လည်း မြန်မာနိုင်ငံတွင် ဆက်ရှိနေဦးမည်ဟု တယ်လီနောကုမ္ပဏီအုပ်စု၏ စီအီးအို Sigve Brekke က ပြောသည်။
“မြန်မာနိုင်ငံထဲမှာ စိန်ခေါ်မှုတွေများတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပေမယ့် ကျွန်တော်တို့ရဲ့ အလုပ်တွေကို ဆက်လက် လည်ပတ်ခြင်းဖြင့် အပြောင်းအလဲတစ်ရပ် ဖော်ဆောင်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ဆဲဖြစ်ပါတယ်” ဟု သူက ပြောသည်။
မြန်မာတစ်နိုင်ငံလုံး၌ မိုဘိုင်းဒေတာ အင်တာနက်များအား ရပ်ဆိုင်းရန် အာဏာပိုင်များက မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် အချိန်မှစတင်၍ တယ်လီနော၏ အမြတ်အစွန်းသည် ထက်ဝက်အထိ ထိုးဆင်းခဲ့သည်ဟု ကုမ္ပဏီက ပြောသည်။
သို့သော်လည်း ဤကာလအတွင်း အသုံးပြုသူ ၂ သန်းအထိ မြင့်တက်လာသလို ဖုန်းခေါ်ဆိုမှုများလည်း ပိုမိုမြင့်တက်ခဲ့သည်ဟု တယ်လီနောက ပြောသည်။
မြန်မာနိုင်ငံ၌ မိမိတို့ ဆက်ရှိ မရှိဟူသည်မှာ နိုင်ငံတွင်း ပြောင်းလဲဖြစ်ထွန်းမှုနှင့် မြန်မာလူထုအတွက် မိမိတို့ဘက်က အပြုသဘောဆောင်သည့် အကူအညီများ ပေးနိုင်ခြေအပေါ် မူတည်သည်ဟု တယ်လီနော စီအီးအို Sigve Brekke က ပြောသည်။
နော်ဝေပိုင် တယ်လီနောကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တည်းက ဝင်ရောက်လုပ်ကိုင်နေခြင်း ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်း သုံးစွဲသူစုစုပေါင်း ၁၈.၂ သန်းရှိသည်။