- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများ တယ်လီနော အပြီးသတ်ရောင်းချ
မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် မိမိတို့၏ဆက်သွယ်ရေးလုပ်ငန်းများအားလုံးကို ရောင်းချမှုအား အပြီးသတ်ဆောင်ရွက်ပြီးပြီဖြစ်ကာ ငွေပေးချေမှုကို ငါးနှစ်အတွင်းရရှိမည်ဖြစ်ကြောင်း တယ်လီနောကုမ္ပဏီက မတ်လ ၂၅ ရက် သောကြာနေ့တွင် ပြောကြားလိုက်သည်။
28 Mar 2022

DMG ၊ မတ် ၂၈
မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် မိမိတို့၏ဆက်သွယ်ရေးလုပ်ငန်းများအားလုံးကို ရောင်းချမှုအား အပြီးသတ်ဆောင်ရွက်ပြီးပြီဖြစ်ကာ ငွေပေးချေမှုကို ငါးနှစ်အတွင်းရရှိမည်ဖြစ်ကြောင်း တယ်လီနောကုမ္ပဏီက မတ်လ ၂၅ ရက် သောကြာနေ့တွင် ပြောကြားလိုက်သည်။
ဒေါ်လာ သန်း ၅၀ ကို တယ်လီနောကရရှိထားပြီဖြစ်ပြီး ကျန်သော ၅၅ သန်းကို လာမည့်ငါးနှစ်အတွင်း အရစ်ကျရရှိသွားမည်ဟု တယ်လီနောက ပြောသည်။
မြန်မာနိုင်ငံရှိ မိမိတို့လုပ်ငန်းလည်ပတ်မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ရ၅၁ သန်းရှိသည်ဟု တယ်လီနောက ၂၀၂၁ ခုနှစ် မေလတွင် ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင်မူ လုပ်ငန်းများအားလုံးအား လက်ဘနွန်အခြေစိုက် M1 လုပ်ငန်းစုနှင့် မြန်မာမှ ရွှေဗျိုင်းဖြူကုမ္ပဏီတို့အား ကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဟု ပြောကြားခဲ့သည်။
နော်ဝေပိုင် တယ်လီနော၏ လည်ပတ်မှုများအား ရောင်းချမှုအပေါ် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နော်ဝေနိုင်ငံရေးသမားအချို့က ဝေဖန်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ တယ်လီနောအသုံးပြုသူ ၁၈ သန်းခန့်၏ အချက်အလက်များအား မြန်မာစစ်တပ်ကရရှိသွားမည်ကို ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ ဥပဒေများသည် ဥရောပဥပဒေများနှင့် ကိုက်ညီမှုမရှိသည့်အတွက် မိမိတို့အနေဖြင့် လူ့အခွင့်အရေး စံတန်ဖိုးများကို လေးစားလိုက်နာရန်နှင့် တာဝန်ယူမှုရှိသော စီးပွားရေးဖြစ်စေရန် မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းဖြစ်ကြောင်း တယ်လီနောက ပြောကြားသည်။
တယ်လီနောရောင်းချခဲ့သည့် လုပ်ငန်းစုများအား မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ M1 က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။