- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အိန္ဒိယတွင် ဆင် ၁၈ ကောင် မိုးကြိုးထိမှန်သေဆုံးသည်ဟု ယူဆရ
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသည်ဟု ယူဆရသော ဆင်သေကောင် ၁၈ ကောင်ကို တွေ့ရှိထားကြောင်း သစ်တောအရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။
15 May 2021

DMG ၊ မေ ၁၅
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသည်ဟု ယူဆရသော ဆင်သေကောင် ၁၈ ကောင်ကို တွေ့ရှိထားကြောင်း သစ်တောအရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။
ဆင်သားပေါက် ၅ ကောင်အပါအဝင် စုစုပေါင်း အာရှဆင်အသေ ၁၈ ကောင်အား ကွန်ဒါလီ ကြိုးဝိုင်းသစ်တောအတွင်း မိုးရွာသွန်းနေစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ ဂျာယန်တာဂိုဆွာမိက ပြောသည်။
အဆိုပါနေရာ၌ တောင်ပေါ်တွင် ၁၄ ကောင်နှင့် တောင်အောက်တွင် ၄ ကောင် သေဆုံးနေသည်ကို ကြာသပတေးနေ့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆင်များသည် မိုးကြိုးထိမှန်ထားကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကနဦးအစီရင်ခံစာများအရ သိရသည်။ သို့သော်လည်း သေဆုံးရသည့် အကြောင်းရင်းကို သေချာသိနိုင်အောင် ခွဲစိတ်စစ်ဆေးနေကြောင်း ဂိုဆွာမိက ပြောသည်။
ကွန်ဒိုလီ ကြိုးဝိုင်းသစ်တောသည် အာသံပြည်နယ် နာဂါအွန်ခရိုင်တွင် တည်ရှိသည်။
အာသံတွင် အာရှဆင်ရိုင်း ၆ ထောင်နီးပါး နေထိုင်ကျက်စားသည်ဟု ခန့်မှန်းရသည်။ ထိုဆင်များသည် တောအုပ်ထဲမှ ထွက်လာပြီး အစာရှာလေ့ရှိသည်။
အဆိုပါဒေသတွင် ပြီးခဲ့သည့်နှစ်များအတွင်း ဆင်ရိုင်းများ ကျေးရွာများထဲသို့ ဝင်ရောက်လာခြင်း၊ ကောက်ပဲသီးနှံများကို ဖျက်ဆီးခြင်းနှင့် ရွာသားများကို သတ်ဖြတ်ခြင်းမျိုးအထိ ရှိခဲ့သည်။