- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တောင်အာဖရိကရှိ အရက်ပုန်းဆိုင်တစ်ဆိုင်တွင် ဆယ်ကျော်သက် ၂၁ ဦး အကြောင်းရင်းမသိရဘဲ သေဆုံး
တောင်အာဖရိကနိုင်ငံ အစ်လန်ဒန်မြို့ရှိ အရက်ပုန်းဆိုင်တစ်ဆိုင်တွင် စနေနေ့ညက ဆယ်ကျော်သက် အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့ပြီး သေဆုံးရသည့် အကြောင်းရင်းကို ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Jun 2022

DMG ၊ ဇွန် ၂၇
တောင်အာဖရိကနိုင်ငံ အစ်လန်ဒန်မြို့ရှိ အရက်ပုန်းဆိုင်တစ်ဆိုင်တွင် စနေနေ့ညက ဆယ်ကျော်သက် အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့ပြီး သေဆုံးရသည့် အကြောင်းရင်းကို ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သေဆုံးသူအများစုသည် အထက်တန်းကျောင်းသားများဟု ယူဆရပြီး စာမေးပွဲပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် စနေနေ့ညက အဆိုပါဆိုင်တွင် ပျော်ပါးနေကြခြင်းဟု ယူဆရသည်။
သေဆုံးသူများတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရပေ။ ၎င်းတို့အား ရင်ခွဲစစ်ဆေးရန် အာဏာပိုင်များ စီစဉ်နေပြီး အစာအဆိပ်သင့်ခြင်းနှင့် ဆက်စပ်မှု ရှိ/မရှိစစ်ဆေးမည်ဟု သတင်းတွင် ဖော်ပြသည်။
အစ်လန်ဒန်မြို့ရှိ အခင်းဖြစ်ပွားရာ ဆိုင်ရှေ့၌ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် သားသမီးပျောက်ဆုံးနေသည့် မိဘများအပါအဝင် လူအများအပြား ရောက်ရှိနေကြပြီး ရင်ခွဲရုံမှ ကားများလည်း အလောင်းများသယ်ဆောင်ရန် ရောက်ရှိနေကြောင်း အေအက်ဖ်ပီသတင်းထောက်က ပြောကြားသည်။
“တော်တော်ငယ်ကြသေးတယ်ဗျာ။ ၁၃ ၁၄ လောက်ပဲရှိကြဦးမယ်။ သူတို့ကို သွားကြည့်ပြီး မြင်လာရတာက ကြေကွဲဖို့ကောင်းပါတယ်” ဟု ရင်ခွဲရုံသို့ သွားခဲ့သည့် နိုင်ငံတော်ရဲချုပ် ဘီကီဆီလီက သတင်းထောက်များကို ပြောသည်။
မိန်းကလေး ၈ ဦးနှင့် ယောကျ်ား ၁၃ ဦး သေဆုံးကြောင်း ခရိုင်အစိုးရ၏ ပြောကြားချက်အရ သိရသည်။ ၁၇ ဦးမှာ အရက်ပုန်းဆိုင်အတွင်း သေဆုံးလျက်တွေ့ရခြင်း ဖြစ်ပြီး နောက်ထပ် ၄ ဦးမှာ ဆေးရုံတွင် သေဆုံးခြင်းဖြစ်သည်။
တောင်အာဖရိကတွင် အရက်ပုန်းဆိုင်အများအပြားရှိပြီး ဆိုင်အများစုမှာ လူနေအိမ်များအတွင်း ဖြစ်သလို ဖွင့်လှစ်ရောင်းချနေကြခြင်း ဖြစ်သည်။ အဆိုပါဆိုင်များတွင် အသက် ၁၈ နှစ်ပြည့်မှ သောက်သုံးခွင့်ပြုထားသော်လည်း များသောအားဖြင့် ဥပဒေများ အသက်ဝင်အောင် စောင့်ကြည့်နိုင်ခြင်း မရှိပေ။