- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အိမ်နီးချင်း ထိုင်းတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၄၅၅ ရှိ
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုအသစ် ၂၄၅၅ ခု တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၁ ဦးရှိကြောင်း ထိုင်းကျန်းမာရေး အာဏာပိုင်များက ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
27 May 2021
DMG ၊ မေ ၂၇
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုအသစ် ၂၄၅၅ ခု တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၁ ဦးရှိကြောင်း ထိုင်းကျန်းမာရေး အာဏာပိုင်များက ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
ကူးစက်မှုအသစ်များအနက် ၄၇၉ ခုမှာ အကျဉ်းထောင်များအတွင်း စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။
အိန္ဒိယတွင် ကိုဗစ်ကူးစက်မှုသည် မေလ ၁၀ ရက်နေ့တွင် ၄ သိန်းနီးပါးအထိ အမြင့်ဆုံး ရှိခဲ့ရာမှ နောက်ရက်များတွင် တဖြည်းဖြည်း ကျဆင်းလာပြီး မေလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်မှုအသစ် စုစုပေါင်း ၂၂၅၁၆၀ ရှိခဲ့သည်။
အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ကူးစက်မြန် ကိုဗစ်မျိုးကွဲသစ်အား ကမ္ဘာ့နိုင်ငံ ၅၃ နေရာ၌ စစ်ဆေးတွေ့ရှိထားကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် WHO အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်တွင် မေလ ၂၄ ရက်မှ ၂၅ ရက်အထိ ၂၄ နာရီအတွင်း ကူးစက်မှုအသစ်စုစုပေါင်း ၁၆၇၅ ရှိကြောင်း Worldometers ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မလေးရှားတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၇၄၇၈ ခု တွေ့ရှိခဲ့သည်။ ကိုဗစ်ကာလ စတင်ချိန်မှ အများဆုံး တစ်နေ့တာ စံချိန်တင် ကူးစက်မှုလည်း ဖြစ်သည်။
မလေးရှားတွင် မေလ ၁၀ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်လော့ဒေါင်း စည်းကမ်းများ ချမှတ်ထားပြီး လူမှုရေးဆိုင်ရာ စုဝေးမှုများ အပါအဝင် ပြည်နယ်အတွင်းနှင့် ခရိုင်အချင်းချင်း သွားလာမှုများ အားလုံးကို တားမြစ်ထားသည်။